Connect with us

Social

ရခိုင်ပြည်နယ်အတွင်း ကျောက်ပန္တု-အင်းဒင်- စေတီပြင် မေယုတောင်ကျော်လမ်း ဖောက်လုပ်လျက်ရှိရာ ၂ဝ ရာခိုင်နှုန်းပြီးစီး

ရခိုင်ပြည်နယ်အတွင်း ကျောက်ပန္တု-အင်းဒင်- စေတီပြင်မေယုတောင်ကျော်လမ်း ဖောက်လုပ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ကျောက်ပန္တု-အင်းဒင်- စေတီပြင်မေယုတောင်ကျော်လမ်း ဖောက်လုပ်လျက်ရှိရာ ၂ဝ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအား ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရခိုင် ပြည်နယ် လမ်းဦးစီးဌာနသည် မေယုတောင်ပေါ်၌ တောင်ကျော် ကားလမ်းများကို ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ် အေးချမ်းပြီး လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လမ်းကွန်ရက်များ ဖောက်လုပ်လျက်ရှိရာ ယခုအခါ မေယုတောင်ကျော်ကားလမ်း လေးသွယ်အနက်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်း ကိုးမိုင်ကို ဖောက်လုပ် လျက်ရှိရာ ယခုအခါ ၂ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဟု သိရသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်လမ်းဦးစီးဌာနသည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၌ မေယုတောင်ကျော်လမ်းများဖြစ်သည့် သက်ကိုင်ညာ- ဗဒဂါးလမ်းနှင့် ဥဒေါင်း-ညောင်ချောင်းလမ်းများ ကို ဖောက်လုပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.