Connect with us

North America

ချီကာဂိုတွင် နှင်းထူထပ်စွာကျဆင်းနိုင်သည့် သတိပေးချက်ကြောင့် လေယာဉ်ခရီးစဉ် ၄၀၀ကျော် ပယ်ဖျက်ခဲ့ရ

ချီကာဂိုမြို့ ၌ နှင်းများ ထူထပ်စွာကျဆင်းနေစဉ် (ဆင်ဟွာ)

ချီကာဂို၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ တွင် ဖေဖော်ဝါရီ ၅ရက် နေ့လည်ပိုင်းက ခြောက်လက်မအထိ နှင်းထူထပ်စွာ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းရ၍ ချီကာဂိုလေဆိပ် ၂ခု ရှိ လေယာဉ်ခရီးစဉ် ၄၀၀ ကျော်ကို ပယ်ဖျက်ခဲ့ရကြောင်း ချီကာဂိုလေကြောင်း ဦးစီးဋ္ဌာနက ပြောကြားခဲ့သည်။

ချီကာဂိုမြို့ O’Hare အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ လေယာဉ်ခရီးစဉ် ၄၀၀ကျော်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပယ်ဖျက်ခဲ့ပြီး Midway လေဆိပ် မှ လေယာဥခရီးစဉ်၂၀ကျော် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ဆောင်းရာသီမိုးလေဝသ ခန့်မှန်းချက်အရ သုံးလက်မ မှ ခြောက်လက်မအထိ နှင်းကျဆင်းမှုသည် ဖေဖော်ဝါရီ ၆ရက် ညသန်းခေါင်ယံအထိ ဖြစ်ပွားနိုင်ကြောင်း နှင့် အဓိကအားဖြင့် Illinois ပြည်နယ် နှင့် Indianaပြည်နယ် အနောက်မြောက်ပိုင်း တွင် နှင်းပိုမိုကျဆင်းနိုင်ကြောင်း အမျိုးသားမိုးလေဝသဋ္ဌာနကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ရက် နံနက်ပိုင်းတွင် လေအေးများတိုက်ခိုက်မှုကြောင့် အပူချိန် သုညဒီဂရီ စင်တီဂရိတ်ရှိခဲ့ပြီး ညနေပိုင်းတွင် အပူချိန်သည် အနုတ် ၁၅ဒီဂရီ စင်တီဂရိတ်အအောက်ကျဆင်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ရက်တွင် ချီကာဂိုမြို့ ၌ ကျဆင်းခဲ့သော နှင်းထု သည် ၁လက်မ မှ ၂လက်မအထိ ရှိခဲ့ပြီး မြို့စွန်ဧရိယာများတွင် လမ်းချော်မှုကြောင့် ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.