ရှန်ဟိုင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည့် ရှန်ဟိုင်းရှိ အထပ် ၁၁၈ ထပ် ရှိ မိုးမျှော် အဆောက်အအုံကို ဧပြီလ ၂၆ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အဆောက်အအုံမှာ...
ကျင်းဟိုင်၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်သည့် AC 311A ဟယ်လီကော်ပတာ တစ်စင်းကို ဧပြီလ ၂၄ ရက်နေ့က ကျင်းဟိုင်ပြည်နယ်တွင်ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၉ဝဝ မီတာ မှ ၄၉ဝဝ မီတာအထိ ၂နာရီကြာ စမ်းသပ်မောင်းနှင်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၄၁ဝဝ မီတာတွင်ဆင်းသက်ခဲ့ကြောင်းသိရသည်။ စမ်းသပ်မှုအရ...
နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက် ကရှင်းလင်းပွဲပြုလုပ်ခဲ့ရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်များကို ပထမတစ်နှစ်တာကာလအတွင်း အဓိကထားဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gennady Gatilov တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ဧပြီ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြောင်းသိရသည်။