Connect with us

Latin America

ချီလီ နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ က ဆန်တီယာဂို တွင် တွေ့ဆုံ ဆွေးနွေး

ချီလီ နိုင်ငံ သမ္မတ Michelle Bachelet နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

ဆန်တီယာဂို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ သမ္မတ Michelle Bachelet နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၂၂ ရက်နေ့ တွင် ချီလီ နိုင်ငံ မြို့တော် ဆန်တီယာဂို တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ချီလီ နိုင်ငံ သမ္မတ က လတ်တလော နှစ်ပိုင်းတွင် ချီလီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သည် လွန်စွာ အဆင်ပြေချောမွေ့ ခဲ့ပြီး ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို တည်ဆောက် နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် အဆင့်မြှင့်တင်ရေး စာချုပ် ကို ချုပ်ဆိုနိုင်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တွင်လည်း အောင်မြင်မှု အသစ်များ ရရှိနိုင်ခဲ့ကာ တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ဘက်စုံပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းသည်လည်း ချီလီ နိုင်ငံ နိုင်ငံရေး ပါတီ အသီးသီး ၏ ဘုံသဘောထား တစ်ခု ဖြစ်လာ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည်လည်း လက်တင်အမေရိက နိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းသစ်များကို ရရှိစေပြီး ချီလီ နိုင်ငံ အနေဖြင့် လည်း ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် တရုတ်-ချီလီ ဘက်စုံမဟာဗျူဟာ ဆက်ဆံရေး မှ အောင်မြင်မှု အသီးအပွင့်များ ပိုမို ရရှိရန် မျှော်လင့်ထားကြောင်း ၊ ချီလီ နိုင်ငံ ၏ တရုတ်-လက်တင်အမေရိကန် ဖိုရမ် နှင့် ဒုတိယ အကြိမ်မြောက် ဝန်ကြီးများ အဆင့် အစည်းအဝေး ကျင်းပခြင်း အပေါ် အလေးထားမှု ကို ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ချီလီ နိုင်ငံ နှင့် အတူတကွ ပူးပေါင်း၍ အစည်းအဝေး များ အောင်မြင်မှု ရရှိရန် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ က လက်တင်အမေရိက ရှိ နိုင်ငံ များအား ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပါဝင်လာစေလိုပြီး အတူတကွ တည်ဆောက်သွားလိုကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှု ကို ဘက်စုံ ပိုမို နက်ရှိုင်းစေလိုပြီး အဆင့်မြှင့်တင် သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.