Connect with us

Education & Health

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစတင်ဆောင်ရွက်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအားတွေ့ရစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် နှစ်စတွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် သင်ယူသူ (၂၁၈၀)ကျော်အား နည်းပြ၊ ကြီးကြပ်(၃၈၈)ဦးတို့က ဇန်နဝါရီလ (၂၀)ရက်မှစ၍ ရက်ပေါင်း (၄၀)အတွင်း တစ်ရက်လျှင် ပျှမ်းမျှ သင်ယူချိန်(၃)နာရီနှုန်းဖြင့် နာရီပေါင်း(၁၂၀)ကြာ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို သင်တန်းတက်ပြီးသည့် ဒေသခံ လုပ်အားပေးပြည်သူများ အခြေခံပညာဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ဒေါက်တာမျိုးသိမ်းကြီးက “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ရေး အလေးထားဆောင်ရွက်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေ ဖူးသူများ ကျောင်းနေအရွယ်လွန်သူများ သက်ကြီးစာမတတ်သူများအတွက် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို ကျောင်းပြင်ပ ပညာရေးလုပ်ငန်းစဉ် တစ်ခုအနေနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ပြောခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသည် စာမတတ်သူများ ဖြစ်ကြပြီး ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာ မတတ်မြောက်သူ ၃၅ ဒသမ ၄ရာခိုင်နှုန်းရှိနေပါကြောင်း ယခုအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် ကျိုင်းတုံခရိုင် မြို့ပြ/ကျေးလက်စာတတ်မြောက်မှုရာခိုင်နှုန်းမှာ မြို့ပြတွင်(၇၄.၆)နှင့် ကျေးလက်တွင် (၂၉.၈)ဖြစ်ပြီး မိုင်းဖြတ်ခရိုင်တွင် မြို့ပြ(၆၄.၉)နှင့် ကျေးလက်တွင်(၃၃.၁)ရာခိုင်နှုန်း ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန မှတ်တမ်းများအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာကဏ္ဍတွင် ၂၀၀၆-၂၀၀၇ပညာသင်နှစ်၌ သူငယ်တန်းကျောင်းသား (၁၀၀၀)ဦးတက်ရောက်ပါက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်Grade-11 သို့ (၁၆၆)ဦးခန့်သာရောက်ရှိကြပြီး (၂၈)ဦးနှုန်းခန့် အောင်မြင်သဖြင့် (၁၀၀၀)မှာ (၅)ယောက်နှုန်းသာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်ကို တွေ့မြင်ရပါကြောင်း၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR) အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း(၂.၇)သန်းသည် အခြေခံပညာ ကျောင်းထွက်သွားကြသူများ ဖြစ်ပါကြောင်း၊ ဤအခြေအနေများကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်း၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ယခင် နွေရာသီကာလက ဧပြီလနှင့် မေလတွင်သာ တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါတွင် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.