ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇင်ဘာဘွေနိုင်ငံ သမ္မတသစ် Emmerson Mnanganwa ထံသို့ နိုဝင်ဘာလ ၂၄ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအဓိကကျသဖြင့် လုံခြုံရေးကိုလည်းအထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် ကျောက်အတွဲများ တင်ပြရောင်းချခြင်း၊ တန်ဖိုးငွေပေးချေခြင်းစသည့် ကိစ္စရပ်များတွင် နိုင်ငံတော်က ချ မှတ်ထားသည့် မူဝါဒများ၊ အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ် ထားသည့် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာဆောင် ရွက်သွားရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတ...
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲပြီး စီးပွားရေးနှင့် လူမှုရေးအရ ပိုမိုချိတ်ဆက် ဆောင်ရွက်မည့်အစီအစဉ်များရှိကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံက အထူး အလေးထားပါကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။