ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈) ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ထူးခြားမိုးလေဝသအခြေအနေ အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။
လန်ဒန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဧပြီလ ၂ ရက်နေ့ ညပိုင်းက လန်ဒန်မြို့အတွင်း သေနတ်မှန်ဒဏ်ရာရသည့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦး ၃ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ ယခုနှစ်အတွင်း လန်ဒန်မြို့၌...
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) လှိုင်မြစ်အတွင်း MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ တစ်စီး နစ်မြုပ် သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၌ ကျောက်လိုဏ်ဂူမှ ကျောက်နှင့် မြေသားများ ပြိုကျ၍ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလစ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ရှိ တောင်သူလယ်သမား များ က ဒေါ်နယ်ထရမ့် အစိုးရ ဆောင်ရွက်နေသည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ (Protectionism) အား ဒေါသတကြီး ပြစ်တင်ခဲ့ကြပြီး ယင်းကဲ့သို့သော ညံ့ဖျင်းသည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန်...