ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော်ကို ဖေဖော်ဝါရီ ၁၀ရက်က ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
ချက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ချက်နိုင်ငံ ဘာနိုမြို့ရှိ ဇလင်းဒေသတရားရုံး တွင် ဖေဖော်ဝါရီ ၁၃ရက်က HIV ရောဂါပိုးရှိမှန်း သိသော်လည်း အနည်းဆုံး အမျိုးသားနှစ်ဦးထံ ရောဂါပိုး ပြန့်ပွားစေမှုဖြင့် စွဲချက်တင်ခံထားရသည့် ချက်နိုင်ငံသားတစ်ဦး၏ အမှုအား ကြားနာနေပြီဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း lai Chau ပြည်နယ်တွင် အစာအဆိပ်သင့်သည်ဟု ယူဆရသော လူ ၆ ဦး သေဆုံးကာ အခြားလူ ၁၀ ဦးကျော်အား ဆေးရုံတင်ထားရကြောင်း ဒေသခံ အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ ဒုတိယ သမ္မတ Tareck El Aissami သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု သံသယ...