Connect with us

Education & Health

Quinine Dihydrochloride g/ml ဆေးဝါးသည် ဆေးဝါး အတုဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်

ဆေးဝါးအတုဟုကြေညာသည့်ဆေးအားတွေ့ရစဉ် (ဓာတ်ပုံ--ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

Henan Dekang Pharmaceutical Co.,Ltd ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride g/ml ဆေးဝါးသည် ဆေးဝါး အတုဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အများပြည်သူ သိရှိရန်အသိပေးနှိုးဆော်ချက်အား ယနေ့ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို ပုံမှန်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီးဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေကို ခံစားရမည် ဖြစ်သည့်အပြင် အသက်အန္တရာယ်လည်းရှိနိုင်ကြောင်း၊ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ် အရ လုံးဝ မပြုရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.