Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ က ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ တရားဝင် တောင်းပန်

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ၌ ဂျော်ဒန် နိုင်ငံ အာမန် မြို့ရှိ ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အာမန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ က ၂၀၁၇ ခုနှစ် တွင် ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ ဂျော်ဒန် နိုင်ငံ ထံသို့ တရားဝင် တောင်းပန် လိုက်ပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့ ၌ ဂျော်ဒန် နိုင်ငံ အစိုးရ က ထုတ်ပြန် ကြေညာခဲ့သည်။

ဂျော်ဒန် နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဇန်နဝါရီ ၁၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေး နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဂျော်ဒန် နိုင်ငံ သို့ သံတမန် ဆိုင်ရာ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ယခင်နှစ် တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ တောင်းပန် ခဲ့ပြီး သေဆုံးခဲ့သူ နှစ်ဦး ၏ မိသားစု များထံ သို့ လျော်ကြေးငွေများ ပေးအပ်သွားမည် ကို ကတိ ပြုခဲ့ကြောင်း ၊ ထို့ပြင် ယင်းအမှု နှင့် ပတ်သက်၍ ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီး ဥပဒေ အတိုင်း အရေးယူ သွားမည် ဖြစ်ကြောင်း ဖော်ပြထား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က အစ္စရေး နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ ဂျော်ဒန် နိုင်ငံ အစိုးရ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကို ပြောကြား ခဲ့ပြီး ယင်း သေနတ်ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို မထိခိုက် လိုကြောင်း ၊ အစ္စရေး နိုင်ငံ အစိုးရ ၏ အမှုစစ်ဆေးမှု အား ဂျော်ဒန် နိုင်ငံ အစိုးရ က လက်ခံ နိုင်ပြီး ပြစ်မှု ကျူးလွန်သူ ကို ထိရောက်စွာ အရေးယူပါက ဂျော်ဒန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပတ်သက်၍ ပြန်လည် သုံးသပ်မည် ဖြစ်ပြီး အစ္စရေး နိုင်ငံ မှ သံရုံး ပြန်လည် လာရောက် ဖွင့်လှစ်ရန် ကိုလည်း စဉ်းစားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ၌ ဂျော်ဒန် နိုင်ငံ အာမန် မြို့ရှိ ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ဂျော်ဒန် နိုင်ငံသား ၂ ဦး သေဆုံးကာ အစ္စရေး နိုင်ငံ သံရုံး မှ ဝန်ထမ်း တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွား ပြီးနောက်တွင် အစ္စရေး နိုင်ငံ အစိုးရ သံရုံး ဝန်ထမ်း ၏ ဆောင်ရွက်မှု မှာ မိမိကိုယ်ကိုယ် ကာကွယ်သည့် ဆောင်ရွက်မှု တစ်ခု သာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဂျော်ဒန် နိုင်ငံ ရှိ သံရုံး ဝန်ထမ်း အားလုံး ကို ဂျော်ဒန် နိုင်ငံ မှ ပြန်လည် ထွက်ခွာ စေခဲ့သည်။ သို့သော် ဂျော်ဒန် နိုင်ငံ အစိုးရ အနေဖြင့် ယင်းအမှု နှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး အမှုဖြေရှင်းမှု ပြီးစီ မှသာ အစ္စရေး နိုင်ငံ သံရုံး အား ပြန်လည် ဖွင့်လှစ်ခွင့် ပြုမှု ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.