ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ မြို့ပြပို့ဆောင်ရေး နှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) မှ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ယနေ့ကျင်းပသည့် ရေရှည်တည်တန့်သော မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း နှင့်ပတ်သက်သည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပထမဆုံး နှလုံးခွဲစိတ်မှု ခံယူခဲ့သော HIV ဝေဒနာရှင်တစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်တွင် ၎င်းဆေးကုသမှုခံယူခဲ့သည့် ရှန်ဟိုင်း ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာရောက်ကြည့် ရှု့သူအရေအတွက်သည် မဲဆန္ဒရှင်များ၏ ၆.၀၁ရာခိုင်နှုန်းသာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ထုတ်ပြန်ကြေညာသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ က တရုတ်တစ်နိုင်ငံတည်းမူဝါဒ အပေါ် လေးစားလိုက်နာခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ကျေးဇူးတင်ရှိပါကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် Khyber Pakhtunkhwa ပြည်နယ်၌ ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) တွင် ပြင်းအား ၅.၂ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ မိုးလေဝသရုံးက ပြောကြားခဲ့သည်။