Connect with us

Politics, Law & Military

လယ်ယာကဏ္ဍတွင် ခြောက်လအတွင်း ကျပ် ၂၉၄၂ ဘီလျံကျော်ဖိုး ထုတ်လုပ်မည်

မြန်မာနိုင်ငံ၏ လယ်ယာလုပ်သားများ စိုက်ပျိုးကွင်းဆင်းနေကြသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

လယ်ယာကဏ္ဍတွင် ခြောက်လအတွင်း ကျပ် ၂၉၄၂ ဘီလျံကျော်ဖို း ထုတ်လုပ်ရန် ရည်မှန်း ထားရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြည်ထောင်စု လွှတ်ေတော် အစည်းအဝေးတွင် ပြောခဲ့သည်။

“၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးကို ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍအနေနဲ့ ကျပ် ၂၉၄၂ ဒသမ ၀၇၂ ဘီလျံ၊ သားငါး ကဏ္ဍအနေနဲ့ ကျပ် ၂၄၁၇ ဒသမ ၄၆၂ ဘီလျံ ရည်မှန်းထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကောင်အထည်ဖော်ရာတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် တက္ကသိုလ်တို့က စီမံကိန်း ၃၂ ခုတို့ကို ဆောင်ရွက်ကြရန် လျာထားပြီး ထိုလုပ်ငန်းများအတွက် ကျပ် ၁၄၉ ဒသမ ၈၈၈ ဘီလျံ တောင်းခံခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်း ကော်မရှင်နှင့် ဘဏ္ဍာရေး ကော်မရှင်တို့က ခွင့်ပြုထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက “ဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေ အရ အသုံး ဥပဒေကြမ်းပါ ၂၀၁၈ ဧပြီလမှ စ

က်တင်ဘာ လအထိ ရငွေမှာ ပြည်ပ အကူအညီရငွေအပါအဝင် ကျပ် ၂၀၁၂၇၂ ဒသမ ၀၁၃ သန်း၊ သာမန်ရငွေက ၆၈၃၅၀ ဒသမ ၇၄၈ သန်း၊ ငွေလုံးငွေရင်း ရငွေက ကျပ် ၃၀၀၂ ဒသမ ၃၇၅ သန်း၊ ကြွေးမြီရငွေက ကျပ် ၁၂၉၉၀၈ ဒသမ ၈၉၀ သန်း ဖြစ်ပါတယ်၊ ဝန်ကြီးဌာနအနေနဲ့ ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေတွေကို အကျိုးရှိ ထိရောက်စွာ သုံးစွဲသွားရေး စီမံဆောင်ရွက်သွားပါမယ်” ဟုလည်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.