Connect with us

Africa & Middle East

အီရန်ဖျက်သင်္ဘောတစ်စီး ကက်စ်ပီယန်ပင်လယ်ပြင်ဆိပ်ကမ်းတွင် တိုက်မိမှုဖြစ်ပွား၊ သင်္ဘောသား ၂ဦးပျောက်ဆုံးနေ

အီရန်ဖျက်သင်္ဘောတစ်စီး ကက်စ်ပီယန်ပင်လယ်ပြင်ဆိပ်ကမ်းရှိ ရေလှိုင်းအတားအဆီးတုံးများ နှင့် တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇန်နဝါရီ ၁၆ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ကက်စ်ပီယန်ပင်လယ် ရှိ ဆိပ်ကမ်းတစ်ခု၏ ရေလှိုင်းအတားအဆီးတုံးများကို အီရန်နိုင်ငံ စစ်တပ်မှ ဖျက်သင်္ဘောတစ်စီး ဝင်တိုက်မိရာ သင်္ဘောဝန်ထမ်း ၂ဦးပျောက်ဆုံးနေကြောင်း Tasnim သတင်းဋ္ဌာနက ဇန်နဝါရီ ၁၅ရက်တွင်ဖော်ပြခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် ဇန်နဝါရီ ၁၀ ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ ၂ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ရှာဟင်တာကွီခါနီ ၏ပြောကြားချက်ကို ကိုးကား၍ဖော်ပြခဲ့သည်။

ဖျက်သင်္ဘောတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း ကနဦးဖော်ပြချက်များအရ သိရသော်လည်း စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးချက်အရ ဖျက်သင်္ဘောတွင် အပျက်အစီးများစွာရှိခဲ့ပြီး အလုံးစုံ ပြင်ဆင်မှုပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒါမာဗန် ဖျက်သင်္ဘောသည် ဇန်နဝါရီ ၁၀ရက်တွင် အီရန်နိုင်ငံ မြောက်ပိုင်းဂီလန်ပြည်နယ် ရှိ ဆိပ်ကမ်းတစ်ခုတွင် ကျောက်ချနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရေလှိုင်းအတားအဆီးတုံးများကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

၁၀၀မီတာရှည်လျားသော ယင်းဖျက်သင်္ဘောသည် အလေးချိန် တန်၁,၃၀၀ ရှိပြီး ၂၀၁၅ခုနှစ် မတ်လ တွင် ကက်စ်ပီယန်ပင်လယ်ပြင်ရှိ အီရန်ရေတပ်၏ မြောက်ပိုင်းရေတပ်အုပ်စုသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.