Connect with us

Africa & Middle East

မဒါဂါစကာ နိုင်ငံ တွင် အပူပိုင်း မုန်တိုင်း Ava တိုက်ခတ်မှုကြောင့် လူပေါင်း ၅၁ ဦး သေဆုံး

အပူပိုင်း မုန်တိုင်း Ava မဒါဂါစကာ နိုင်ငံ သို့ ဝင်ရောက် တိုက်ခတ် ခဲ့စဉ်(ဆင်ဟွာ)

အန်တာနန်အရီဗို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မဒါဂါစကာ နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး ဌာန က ဇန်နဝါရီ ၁၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အပူပေါင်းမုန်တိုင်း Ava တိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့ အထိ လူပေါင်း ၅၁ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ပျောက်ဆုံးနေကြောင်း ပါဝင်ခဲ့သည်။

စာရင်းပြုစုချက် အရ ဇန်နဝါရီ ၅ ရက်နေ့ က စတင်ဝင်ရောက်လာသည့် အပူပိုင်း မုန်တိုင်း Ava ကြောင့် မဒါဂါစကာ နိုင်ငံ တွင် လူပေါင်း ၅၄,၀၀၀ ကို အရေးပေါ် ပြောင်းရွှေ့ ခဲ့ရပြီး လူပေါင်း ၁၆၀,၀၀၀ ကျော် ဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း ၊ မဒါဂါစကာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာန အသီးသီး အနေဖြင့် ဆောင်ရွက်မှုများစွာ ပြုလုပ်နေပြီး မုန်တိုင်း ဖြတ်သန်းသည့် လမ်းကြောင်း တစ်လျှောက် အား အနီးရောင် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အပူပိုင်း မုန်တိုင်း Ava က ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မဒါဂါစကာ နိုင်ငံ မှ ထွက်ခွာပြီး အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း သို့ ရွေ့လျားသွားကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ချက်များအရ ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်း အချိန်တွင် အိန္ဒိယ သမုဒ္ဒရာ ၏ အနောက်တောင် ပိုင်း တွင် အပူပိုင်းမုန်တိုင်း Vegeta ထပ်မံ ဖြစ်ပွား လာခဲ့ပြီး မဒါဂါစကာ အရှေ့ဘက် ပင်လယ်ကမ်းခြေ နှင့် ၁၄၅ ကီလိုမီတာ အဝေး တွင် တည်ရှိကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၈၃ ကီလိုမီတာ ဖြစ်ကြောင်း ၊ အပူပိုင်းမုန်တိုင်း Vegeta သည် လက်ရှိချိန်တွင် အပူပိုင်းမုန်တိုင်း Ava ထက် ပိုမို ပြင်းထန်သည့် မုန်တိုင်း ဖြစ်တည်လာပြီး လာမည့် ၅ ရက် အတွင်း မဒါဂါစကာ နိုင်ငံ အတွက် မစိုးရိမ်ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.