တီဟီရန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ Kermanshah မြို့၌ ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလား အလွတ်တန်း နပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော အမေရိကန် နပန်းသမားများကို ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၌ ရုရှားစစ်သားများ သေဆုံးမှုရှိနေကြောင်း သတင်းဖော်ပြချက်များ ထွက်လာပြီးနောက် ၊ ယင်းဖော်ပြချက်မှာ မဟုတ်မမှန်ကြောင်း နှင့် ဆီးရီးယားရောက် ရုရှားစစ်သားများအနေဖြင့် ကောင်းမွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကဘူးလ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်းရှိ Nuristanis ပြည်နယ်တွင် နှင်းတောင် ပြိုကျမှု ဖြစ်ပွား ခဲ့ပြီးထိ သေဆုံးသူ ၅၀ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း အာဖဂန် နစ္စတန် သတင်း...
ဒမတ်စကက်စ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံသမ္မတ အာဆက်က နိုင်ငံအတွင်းရှိ လက်နက်ကိုင်သူပုန်များအားလုံးအနေဖြင့် မိမိတို့ကိုယ်တိုင် လက်နက်ချအလင်းဝင်ရောက်ပါက လွတ်ငြိမ်းချမ်းသာခွင့်ကို ၂ဝ၁၆ ခုနှစ်က တစ်ကြိမ် ပေးထားပြီးဖြစ်သော်လည်း ယခုအခါ ၂ဝ၁၇ ခုနှစ် ဇွန်လကုန်အထိ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ ရေခပ်ချောင်းရွာမှ ဂွဆုံရွာသို့ သွားရာလမ်း၊ ဂွဆုံရွာအဝင် ကိုက် ၅၀၀ ခန့်အကွာရှိ ရေချိုပုဇွန်ကန်အနီး လူသတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ဂွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။