Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ဝဲ) တို့ ဇန်နဝါရီ ၁၀ရက် ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။

လီ က ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်မှု သဘောတူညီချက်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အတွက် ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးပွဲ ပြင်ပဆွေးနွေးပွဲ၌ ပရာယွတ်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၂၅၃ကီလိုမီတာရှည်လျားသော ရထားလမ်း၏ ပထမလမ်းပိုင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် အရှေ့မြောက်ပိုင်း နာခွန်းရက်ချာစီမာပြည်နယ် ကိုဆက်သွယ်ပေးထားပြီး တရုတ်နိုင်ငံက ရထားလမ်းပုံစံအတွက် တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ရထားလမ်းဆိုင်ရာလုပ်ငန်းများအနက် ရထားများ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း နှင့် အချက်ပြစနစ် တို့ကို ကြီးကြပ်ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးကြောင်း သိရသည်။

လီ က ရထားလမ်းစီမံကိန်းအား နှစ်ဖက်စလုံးမှ ချိတ်ဆက်ကာပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်လုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု နှင့် ထိုင်းနိုင်ငံ၏ အရှေ့စီးပွားရေးကော်ရစ်ဒါ တည်ဆောက်မှုတို့ကို ပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပံ့ပိုးကူညီမှုကို အဆင့်မြှင့်တင်ရန် နှင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း နှင့် နည်းပညာ ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း လီက ပြောကြားခဲ့သည်။

ပရာယွတ်က ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သည့် ဖြစ်နိုင်ခြေများစွာရှိပြီး ရထားလမ်းစီမံကိန်းသည်ပင်လျှင် သမိုင်းဝင် မှတ်ကျောက်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုဖြင့် နိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှု နှင့် မဟာဗျူဟာများကို အလေးထားပြီး တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှ လေ့လာမှတ်သားစရာများ ရရှိမည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

ပရာယွတ်က နှစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ပူးပေါင်းရန် နှင့် ကုန်သွယ်ရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း နှင့် ပညာရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

ဒုတိယအကြိမ်မြောက် LMC ခေါင်းဆောင်များ အစည်းအဝေးပွဲကို ဖနွမ်းပင်မြို့ ၌ ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့ပြီး မဲခေါင်ခြောက်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.