Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ်အကုန်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးမီးလင်းရေးဆောင်ရွက်လျက်ရှိ

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန သတင်းစာရှင်းပွဲတွင် ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း – ရသေ့တောင် – ဘူးသီးတောင် – မောင်တော ၆၆ ကေဗွီ ဓာတ်အား လိုင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း သုံးသောင်းကျော် ကုန်ကျခံ တည်ဆောက် လျက်ရှိသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ၂၃၀ / ၆၆ / ၁၁ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှ တစ်ဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ နိုင်ငံတော် ဓာတ်အား စနစ်မှ ဓာတ်အားပေးနိုင်ရေးအတွက် ကျပ်သန်း ၃၀၃၅၅ ဒသမ ၃၆ အကုန်အကျခံ တည်ဆောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာသို့ ပြောခဲ့သည်။

“ပုဏ္ဏားကျွန်း – ရသေ့တောင် – ဘူးသီးတောင် – မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း တည် ဆောက် ခြင်း လုပ်ငန်းအတွက် နိုင်ငံတော် ဘတ်ဂျက် ခွင့်ပြုပြီးငွေ ကျပ်သန်း ၄၀၅၀ ရရှိထားပြီး ကျပ် ၃၀၃၅၅ ဒသမ ၃၆ သန်း ကုန်ကျခံ တည်ဆောက် လျက်ရှိပါတယ်” ဟု ၎င်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦး ဖြေကြားစဉ် (ဆင်ဟွာ)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး ဖြေကြားနေစဉ် (ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန သတင်းစာရှင်းပွဲ ကျင်းပစဉ် (ဆင်ဟွာ)

၂၀၁၈ နှစ်အကုန်တွင် ရခိုင်ပြည်တယ် တစ်ခုလုံး မီးလင်းရေးအတွက် ၆၆ / ၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ပုဏ္ဏားကျွန်း ဓာတ်အား ခွဲရုံ တိုးချဲ့ခြင်း လုပ်ငန်းများကို ၂၀၁၇ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ဒီဇင်ဘာ ၁၉ တွင် ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း၊ ၂၀၁၇ စက်တင်ဘာ ၁ ရက် နေ့မှ စတင်သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း – ရသေ့တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၆ မိုင် တည် ဆောက်ခြင်း လုပ်ငန်းမှာ ယနေ့အထိ ၆၀ ရာခိုင်နှုန်းခန့်၊ ၂၀၁၇ နိုဝင်ဘာ ၁ ရက်မှ စတင်ခဲ့သည့် ရသေ့တောင် ဓာတ်အားခွဲရုံ တည်ဆောက်မှုမှာ ၃၃ ဒသမ ၂၃ ရာခိုင်နှုန်း၊ ၂၀၁၇ ဒီဇင်ဘာ ၁ ရက် နေ့မှ စတင်သည့် ရသေ့တောင် – ဘူးသီးတောင် ဓာတ်အားလိုင်း ၃၃ ဒသမ ၅ မိုင် တည်ဆောက် မှုမှာ ၈ ဒသမ ၉၇ ရာခိုင်နှုန်းနှင့် ၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်သည့် ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်မှုမှာ ငါးရာခိုင်နှုန်းခန့် အသီးသီး ပြီးစီးပြီ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှာ တည်ဆောက်ပြီးစီးသဖြင့် ၂၀၁၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဓာတ်အား ပို့လွှတ်နိုင်ခဲ့ကြောင်း၊ ရသေ့တောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းကိုမူ ၂၀၁၈ မတ်လအကုန်တွင် လည်းကောင်း၊ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်မှုကို ၂၀၁၈ ဇွန်လအကုန်တွင် လည်း ကောင်း၊ မောင်တော ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းကို ၂၀၁၈ ဒီဇင်ဘာလ အကုန်တွင်လည်း ကောင်း ပြီးစီးအောင် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစာ ရှင်းပွဲတွင် ဓာတ်အားပေး စက်ရုံ စီမံကိန်းများ အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်ချမ်းသာ ပင်မ ဓာတ်အားခွဲရုံအား အင်အား တိုးမြှင့်မှု အခြေအနေ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတ်အားခွဲရုံများအား အဆင့် မြှင့်တင်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုရရှိမှု အခြေအနေ၊ ရေနံ ဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင်များအား လိုင်စင် ထုတ်ပေးမှု အခြေ အနေများ စသည်တို့ကို သက်ဆိုင်ရာ အရာရှိကြီးများက ရှင်းလင်း တင်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.