ရီယာ့ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ ရှိ ဘုရင့်နန်းတော်ရှေ့တွင် ဆန္ဒပြမှု နှင့် ထွက်ခွာရန် ငြင်းဆန်ခဲ့မှုတို့ဖြင့် ဆော်ဒီမင်းသား ၁၁ဦးကို ဆော်ဒီရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များက Sabq ပြည်တွင်း အွန်လိုင်းသတင်းဋ္ဌာနသို့ ဇန်နဝါရီ ၆ ရက်တွင်အတည်ပြုပြောကြားခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း ကာမန်ရှာ့ပြည်နယ် ရှိ ဆာပေါ်ဇာဟက်မြို့၌ ဇန်နဝါရီ ၆ရက် ဒေသစံတော်ချိန် ၁၈း၅၂နာရီတွင် အင်အား ၅.၁ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း Tasnim သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဟနွိုင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဇန်နဝါရီလ ၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် ဗီယက်နမ်အလှမယ် (Miss Universe Vietnam 2017) ရွေးပွဲတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Dak Lak ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် Ede...