Connect with us

Africa & Middle East

ဘုရင့်နန်းတော်ရှေ့တွင် ဆန္ဒပြမှုဖြင့် ဆော်ဒီမင်းသား ၁၁ဦးကို ဖမ်းဆီး

ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇစ်အယ်လ်ဆော့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ ရှိ ဘုရင့်နန်းတော်ရှေ့တွင် ဆန္ဒပြမှု နှင့် ထွက်ခွာရန် ငြင်းဆန်ခဲ့မှုတို့ဖြင့် ဆော်ဒီမင်းသား ၁၁ဦးကို ဆော်ဒီရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များက Sabq ပြည်တွင်း အွန်လိုင်းသတင်းဋ္ဌာနသို့ ဇန်နဝါရီ ၆ ရက်တွင်အတည်ပြုပြောကြားခဲ့သည်။

အဆိုပါမင်းသားများသည် ၎င်းတို့၏ လျှပ်စစ်မီတာခ နှင့် ရေဖိုးများအား အစိုးရသု့ိပေးရန် ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇစ်အယ်လ်ဆော့ ၏ ဆုံးဖြတ်ချက်အား ရပ်တန့်ရန် နှင့် လွန်ခဲ့သော နှစ်က လူသတ်မှုဖြင့် ကွပ်မျက်ခံရသည့် မင်းသားအတွက် လျော်ကြေးရရှိရန် အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား တရားစီရင်နေစဉ်အတွင်း အကျဉ်းထောင်၌ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

ဆော်ဒီနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်လာမှု ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆော်ဒီနိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံးလာဘ်ပေးလာဘ်ယူမှု တွင် ပါဝင်သည့် ဆော်ဒီမင်းသား အများအပြား နှင့် ထိပ်တန်းအရာရှိကြီးများကို ၂၀၁၇ခုနှစ် ဖမ်းဆီးခဲ့ပြီး နိုင်ငံသားအားလုံး တစ်သားတည်းဖြစ်ကြောင်း ပြသခဲ့သည်။ (Xinhua)