မက်ဒရစ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှု နှင့် သာတူညီမျှရေးဆိုင်ရာ ဝန်ကြီးဌာနက စပိန်နိုင်ငံ တစ်ဝန်း၌ ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု စုစုပေါင်း ၅၈ ခုထိ ရှိလာကြောင်း မတ်လ ၂၈ ရက်က အတည်ပြု ပြောကြား လိုက်သည်။
ပေကျင်း ၊ မတ် ၂၉ ရက် ( ဆင်ဟွာ ) ဧပြီလ ၁၆ ရက်နေ့တွင် စတင်ကျင်းပမည့် ၆ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (BJIFF) ၌ ဇာတ်ကားပေါင်း ၅ဝဝ ကျော် ပြသသွားမည်ဟု သိရသည်။
ဂျေရုဆလမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) အစ္စရေး သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဖွံ့ဖြိုးရန်အတွက် အမေရိကန်- အစ္စရေး လုပ်ငန်းစု၏ အငြင်းပွားဖွယ် သဘောတူ စာချုပ်အား အစ္စရေး တရားရုံးချုပ်က ပယ်ချလိုက်သည်။
ပေကျင်း ၊ မတ် ၂၈ ရက် ( ဆင်ဟွာ ) ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုအား တရုတ်နိုင်ငံက အပြင်းအထန် ရှုံ့ချလိုက်ကြောင်း သိရသည်။
ရန်ကုန်၊မတ်၂၈ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်နေသည့် အခြေအနေများ အားလုံးကို အကောင်းဆုံးတတ်စွမ်းသ၍ ဖြေရှင်းရန်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ ကင်းသည့် ပြည်သူများ၏လိုအပ်ချက်ကို အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်မည့် အစိုးရသစ် တစ်ရပ်ဖြစ်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်အတည်ပြုခြင်းခံရသည့် ဦးဖြိုးမင်းသိန်းက မီဒီယာများကို ဖြေကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အခက်အခဲများ ၊ စိန်ခေါ်မှုများ အများကြီးရှိနေကြောင်း၊ ရန်ကုန်မြို့သည် စီးပွါးရေးမြို့တော်ကြီးလည်းဖြစ်ကြောင်း၊...