Connect with us

Africa & Middle East

၂ဝ၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဂါဇာနယ်စပ် ဝင်ပေါက်ကို အီဂျစ်ဖွင့်လှစ်ပေး


ဂါဇာ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အာဏာပိုင်များက ဂါဇာကမ်းမြောင်ရှိ Rafah ဝင်ပေါက်ထွက်ပေါက် နှစ်ခုစလုံးကို သုံးရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ကြောင်း ကိုင်ရိုမြို့ရှိ ပါလက်စတိုင်းသံရုံး၏ ပြောကြားချက်အရ သိရသည်။

ဂါဇာဒေသတွင် နေထိုင်သူများအတွက် ဝင်ပေါက်ထွက်ပေါက် နှစ်ခုစလုံးကို ဖေဖော်ဝါရီ ၉ ရက်ထိ ဆက်လက်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယင်းမှာ ၂ဝ၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် နယ်စပ်ဝင်ပေါက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။အီဂျစ်နိုင်ငံသည် နယ်စပ်ဝင်ပေါက်ကို တစ်လ လျှင် သုံးကြိမ် (သို့မဟုတ်) နယ်စပ်ဖြတ်ကျော် ပညာသင်ကြားနေရသော ကျောင်းသားကျောင်းသူများ ၊ အလုပ်လုပ်ခွင့် ပါမစ်ဖြင့်သွားလာသူများ (သို့မဟုတ်) အခြားနိုင်ငံများတွင် နေထိုင်နေကြသူများအပါအဝင် ပုံမှန်သွားလာနေရသူများအတွက် နှစ်ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံသို့ဝင်ရောက်ခွင့်ရရန် နယ်စပ်ဂိတ်၌ စောင့်ဆိုင်းနေကြသော ပါလက်စတိုင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်သည် ကမ္ဘာကြီးနှင့်ဆက်သွယ်သွားလာရန် ဝင်ပေါက် ၇ ခု ဖွင့်လှစ်ထားသည်။သို့သော် အီဂျစ်နိုင်ငံနှင့်ဆက်သွယ်ထားသော Rafah ဝင်ပေါက်တစ်ခုမှ လွဲ၍ ကျန်ဝင်ပေါက် ၆ ခုကို ၂ဝဝ၇ ခုနှစ်ကတည်းက အစ္စရေးတို့၏ ပိတ်ဆို့ခြင်း ခံထားရကြောင်းသိရသည်။(Xinhua)