ဟူစတန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဟောင်း ဂျော့ရှ်အိတ်ချ်ဒဗလျူဘုရှ် သည် နမိုးနီးယားရောဂါမှ သက်သာလာပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ဆေးရုံက ဆင်းလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ တွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များ၊ အခက်အခဲများအပေါ် ပြင်ဆင်မှုများ ပြုလုပ်၍ ပိုမို ပွင့်လင်းမြင်သာ ရှိလာနိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်လာနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝါရှင်တန်၊ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က နိုင်ငံ၏ ရှေ့နေချုပ် Sally Yates အား ဇန်နဝါရီလ ၃ဝ ရက် ညပိုင်းက ရာထူးတာဝန်မှ ဖယ်ရှားလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်နှင့် ပစ်သတ်ခံရမှုအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေပြီး လုံခြုံရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။