Connect with us

Economy

တရုတ်နိုင်ငံက အဘူဒါဘီတွင် ခေတ်သစ်ပိုးလမ်းမကြီးနှင့် ဆက်စပ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံ

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော ခါလီဖာ စက်မှုဇုန် အဘူဒါဘီ (Kizad) အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကုမ္ပဏီ ၁၂ ခုက အဘူဒါဘီတွင် ခေတ်သစ်ပိုးလမ်းမကြီးနှင့်ဆက်စပ်စီမံကိန်း တစ်ခု၌ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ အလုပ်အကိုင် ၂၀၀၀ ကျော်ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်သော ကုမ္ပဏီများအနက် ၁၀ ခုက တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်မှဖြစ်ကြပြီး ၎င်းတို့က ကျန်းစုပြည်နယ်ဆိုင်ရာ နိုင်ငံရပ်ခြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (JOCIC) နှင့်အတူ ခါလီဖာ စက်မှုဇုန် အဘူဒါဘီ (Kizad) ရှိ ၂.၂ စတုရန်းမီတာ ကျယ်ဝန်းသော မြေ၌ စီမံကိန်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဥယျာဉ်အား Kizad အတွင်း တည်ထောင်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ အထင်ကရ အစီအစဉ်တစ်ခုအဖြစ် စက်မှုဥယျာဉ် တစ်ခုအား တည်ထောင်သွားမည် ဖြစ်ကြောင်း ကျန်းစုပြည်နယ်အတွင်းနှင့် ပြင်ပမှ ကုမ္ပဏီများအား ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ကျန်းစုပြည်နယ် အစိုးရက ပြောကြားခဲ့သည်။

စက်မှုဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းအား ဇန်နဝါရီလက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.