Connect with us

North America

အမေရိကန် နိုင်ငံ ၏ အခွန်နှုန်းထား ပြောင်းလဲမှု က ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အပေါ် မည်သို့ သက်ရောက်မှု ဖြစ်ပေါ်မည်နည်း

အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ စတော့အိတ်ချိန်းစင်တာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ ၌ ပြည်ပ နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု နှင့် အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း သည် ကမ္ဘာ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် စတော့ရှယ်ယာ (The stock of FDI ) စုစုပေါင်း ၏ တစ်ဝက် ခန့်ရှိသောကြောင့် အမေရိကန် နိုင်ငံ ၏ အခွန်နှုန်းထား ပြောင်းလဲမှု သည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အပေါ် တိုက်ရိုက် သက်ရောက်မှု များစွာ ဖြစ်ပေါ် စေမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ၏ ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ အသစ် ထုတ်ပြန် လိုက်သည့် “ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အလားအလာ လေ့လာဆန်းစစ်မှု အစီရင်ခံစာ” တွင် အမေရိကန် နိုင်ငံ ၏ ” အခွန်လျှော့ချရေး နှင့် အလုပ်ကိုင်အခွင့်အလမ်း ဖော်ဆောင်ရေး အက်ဥပဒေ” (Tax Cuts and Jobs Act ) က အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ ပြည်ပ ဌာနခွဲ တွင် အမြတ်ငွေ ထိမ်ချန်မှု ပမာဏ ကို များစွာ လျော့ကျ လာနိုင်ဖွယ်ရှိကြောင်း ၊ ယင်းလုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပ တွင် တည်ရှိသော အမေရိကန် ဒေါ်လာ နှစ်ထရီယံ ငွေကြေးပမာဏ က အမေရိကန် နိုင်ငံ သို့ ပြန်လည် ဝင်ရောက်လာပါက အမေရိကန် နိုင်ငံ ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု သည် ကာလ တစ်ခု အထိ အနုတ်လက္ခဏာ ဖြင့် မြင့်တက်လာမည် ဖြစ်ပြီး ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အပေါ် သက်ရောက်မှုများ ဖြစ်ပေါ် လာစေမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ အခွန်နှုန်းထား ပြောင်းလဲမှု ပြုလုပ်သည့် အက်ဥပဒေတွင် ယခင် က ကမ္ဘာလုံးဆိုင်ရာ အခွန်ကောက်ယူမှု စနစ် မှ ဒေသအလိုက် အခွန်ကောက်ယူမှု စနစ် သို့ ပြောင်းလဲ ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အခွန်ကောက်ယူမှု စနစ် တွင် အမေရိကန် နိုင်ငံ ၏ ပြည်ပ လုပ်ငန်း ဌာနခွဲ များမှ ရရှိသည့် ဝင်ငွေများအား အမေရိကန် နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း ပါက အခွန်ပေးဆောင်ရမည်ဖြစ်သောကြောင့် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ များက ပြည်ပလုပ်ငန်း ဌာနခွဲ များမှ ရရှိသည့် ဝင်ငွေများအား အမေရိကန် နိုင်ငံ သို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်တော့ဘဲ ပြည်ပ တွင်သာ ထားရှိခြင်း များ ဖြစ်ပေါ် စေခဲ့သည်။

ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ၏ ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်း ကုမ္ပဏီ များ ဒါရိုက်တာ Zhan Xiaoning က အခွန်နှုန်းထား အက်ဥပဒေ အသစ် တွင် လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပဝင်ငွေများ ကို ထည့်သွင်း စဉ်းစားခြင်း ပြုလုပ်တော့မည် မဟုတ် သောကြောင့် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပ မှ ရရှိသည့် ဝင်ငွေများအား ထိမ်ချန် ထားလိုသည့် အယူအဆ များကို လျော့ကျ လာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံ အခွန်နှုန်းထား ပြောင်းလဲမှု အက်ဥပဒေ အသစ် တွင် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ ၏ လက်ရှိချိန်၌ ပြည်ပတွင် ထိမ်ချန်ထားသည့် ငွေကြေးအရင်းအနှီး များအား တစ်ကြိမ်တည်းဖြင့် အခွန်အားလုံး ကောက်ယူမှု ပြုလုပ်မည် ဖြစ်သောကြောင့် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ များ၏ အခွန်ပေးချေပြီး ဖြစ်သည့် အရင်းအနှီးများအား အမေရိကန် နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာရန် ဆွဲဆောင်နိုင်မည် ဖြစ်သည်။ အမေရိကန် နိုင်ငံ နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပအရင်းအနှီး ပမာဏ လျော့ကျလာသည် နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အပေါ် သက်ရောက်မှုများ ဖြစ်ပေါ် လာစေမည် ဖြစ်သည်။

သို့သော် အစီရင်ခံစာ တွင် အခွန်နှုန်းထား ပြောင်းလဲမှု ကြောင့် ပြည်ပရှိ အရင်းအနှီးများ အမေရိကန် နိုင်ငံ သို့ ပြန်လည်ဝင်ရောက်လာနိုင်ခြေရှိသော်လည်း အမေရိကန် နိုင်ငံ အနေဖြင့် ဤကဲ့သို့ များပြား သော ငွေကြေး ပမာဏ အား လက်ခံနိုင်သည့် အရည်အချင်း ရှိမရှိ ကိုမူ ခန့်မှန်းရ ခက်ခဲကြောင်း ပါဝင် ခဲ့သည်။

လေ့လာသုံးသပ်ရေး သမား အချို့ က အခွန်နှုန်းထား ပြောင်းလဲ ကောက်ယူမှုကြောင့် အမေရိကန် နိုင်ငံ ပြည်တွင်း၌ ကြီးမား သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ်များ ရရှိစေမည် ဟု သုံးသပ် ခဲ့ကြသော်လည်း အမေရိကန် နိုင်ငံ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာ ဌာန အသီးသီး က ယင်းဖြစ်ပေါ်လာမည့် အကျိုးဆက် နှင့် ပတ်သက်၍ သတိကြီးစွာ သုံးသပ်မှုများ ပြုလုပ်နေကြသည်။

အမေရိကန် နိုင်ငံ ၏ အခွန်နှုန်းထား ပြောင်းလဲမှုကြောင့် နိုင်ငံ တွင်းသို့ ပြန်လည် ရောက်ရှိလာနိုင်မည့် ငွေကြေး များ က လုပ်ငန်းရှယ်ယာရှင်များ ထံသို့ အမြတ်ငွေ ခွဲဝေပေးခြင်း သို့မဟုတ် အစုရှယ်ယာများ ပြန်လည်ဝယ်ယူခြင်း (stock repurchase) ဖြင့်သာ ရောက်ရှိလာမည် ဖြစ်ကြောင်း ၊ ထို့သို့ မဟုတ်ခဲ့လျှင်လည်း လုပ်ငန်း ကုမ္ပဏီများ ဝယ်ယူပေါင်းစပ်ခြင်း သို့မဟုတ် ကြွေးမြီ များပေးချေခြင်း တွင်သာ အသုံးပြုရန် ရောက်ရှိလာမည် ဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်း အသစ် များ ဖြစ်ပေါ်လာရန် အတွက် ရောက်ရှိလာမည့် ငွေများ မဖြစ်တည်လာ နိုင်ကြောင်း အစီရင်ခံစာ တွင် ပါဝင် ခဲ့သည်။

အခွန်နှုန်းထား ပြောင်းလဲမှုကြောင့် အခွန်များလျော့ကျ လာခဲ့သော်လည်း နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီ များအနေဖြင့် ပြည်ပတွင် အတိုင်းအတာ တစ်ခု အထိ ပြည်ပတွင် အရင်းအနှီးများကို ထားရှိမည် ဖြစ်ပြီး ပြည်ပလုပ်ငန်း ဌာနခွဲ တိုးချဲ့ခြင်း ၊ ဝယ်ယူပေါင်းစပ်ခြင်း နှင့် စီးပွားရေး ဈေးကွက် အသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် အမြတ်ငွေ အများဆုံး ရရှိရန် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း အစီရင်ခံစာ တွင် ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ အခွန်နှုန်းထား ပြောင်းလဲမှု အက်ဥပဒေသစ် တွင် စက်ပစ္စည်း စသော အရင်းအနှီးဆိုင်ရာ အသုံးပြုငွေ (Capital Expenditure) ထည့်သွင်းခြင်း ကို လုပ်ငန်း ကုမ္ပဏီ ၏ အရင်းအနှီး အတွင်းသို့ ထည့်သွင်း တွက်ချက်မည် ဖြစ်သောကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကို တွန်းအား တစ်ခု ဖြစ်ပေါ်စေမည် ဖြစ်ပြီး လက်ရှိလုပ်ငန်း ကုမ္ပဏီ များကိုလည်း လုပ်ငန်းတိုးချဲ့ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း များ ဆောင်ရွက်ရန် တွန်းအား ဖြစ်စေမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ၏ အစီရင်ခံစာ တွင် ပါဝင် ခဲ့သည်။

လေ့လာတွေ့ရှိချက် အရ အခွန်နှုန်းထား ပြောင်းလဲမှု အက်ဥပဒေ အတည်ပြုလိုက်ပြီးနောက်တွင် Boeing နှင့် Apple စသည့် လုပ်ငန်း ကုမ္ပဏီ များက အမေရိကန် နိုင်ငံ ပြည်တွင်း၌ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အခွန်နှုန်းထား ပြောင်းလဲမှု အက်ဥပဒေသစ် တွင် လုပ်ငန်း ကုမ္ပဏီ များ၏ ဝင်ငွေခွန်အား ၃၅ ရာခိုင်နှုန်း မှ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ယင်းနှင့် ပတ်သက်၍ Zhan Xiaoning က အခွန်လျှော့ချမှု ဆောင်ရွက်ခြင်း သည် လွန်စွာကောင်းမွန်သည့် ဆောင်ရွက်မှု ဟု ထင်မြင်ရသော်လည်း ရင်းနှီးမြှုပ်နှံမှုအား ဆွဲဆောင်ရန် မှာ အကန့်အသတ် ရှိကြောင်း ၊ ဥပမာ ဆိုရလျင် လျှော့ချ ပေးခဲ့သည့် အခွန်နှုန်းထား က အမေရိကန် နှင့် အာရှ ဖွံ့ဖြိုးဆဲ စီးပွားရေး အသိုက်အဝန်း ရှိ လုပ်အားခ ကွာဟမှု ကို ခြေဖျက်ပေး နိုင်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် အမေရိကန် လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆.၄ ထရီလီယံ ရှိပြီး ၎င်းအနက် လေးပုံတစ်ပုံ ခန့်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုများမှာ အများစု အားဖြင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သောကြောင့် ရွေ့ပြောင်းရန် မလွယ်ကူသဖြင့် အမေရိကန် နိုင်ငံ သို့ ပြန်လည် ဝင်ရောက်လာရန် မှာ ဖြစ်နိုင်ခြေ လွန်စွာ နည်းပါးသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ ၏ အခွန်ပြောင်းလဲမှု အက်ဥပဒေသစ် က ဖွံ့ဖြိုးဆဲ နိုင်ငံ များအပေါ် သို့ သက်ရောက်မှု သည် အကန့်အသတ် တစ်ခု ထိသာ ဖြစ်ပေါ် စေမည် ဖြစ်သည်။

ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ၏ အစီရင်စာ တွင် အနှစ်ချုပ် အားဖြင့် ရေရှည်တွင် နိုင်ငံအသီးသီး က အခွန်လျှော့ချမှု တွင် ပြိုင်ဆိုင်ဆောင်ရွက်လာကြမည် ဖြစ်ပြီး အမေရိကန် ၏ အခွန်လျှော့ချမှုကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အပေါ် သက်ရောက်မှု ကို ခြေဖျက်နိုင်ရန် ဆောင်ရွက်လာကြမည် ဖြစ်ကြောင်း ဖော်ပြထား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.