အယ်လ်ဂျီယားစ်၊ ဖေဖော်ဝါရီ ၂၈ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ ရှိ ဒေသခံ အစိုးရရှေ့နေ တစ်ဦး က ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ပတ်သက်နေသည် ဟု သံသယရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံသား တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖေဖော်ဝါရီ ၂၈ရက်နေ့က ပြောကြားခဲ့သည်။
နန်ချောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်ရှီး ပြည်နယ်တွင် လူနေအဆောက်အအုံ ပြိုကျခဲ့မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ၃၄နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုပ်ငန်းများပြီးဆုံးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း၌ သေဆုံးသူ ဦးရေသည် ၆ဦး အထိရှိလာကြောင်း သိရသည်။
ရီယို၊ ဖေဖော်ဝါရီ ၂၇ (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ Dilma Rousseff (ဒေးလ်မာ ရို့စက်) သည် တရုတ်နိုင်ငံတွင် အသုံးပြုသော လူမှုကွန်ရက် တစ်ခုဖြစ်သော Weibo တွင် အကောင့်တစ်ခုဖွင့်လှစ်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတော်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ လူထုထံ ပိုမို ရောက်ရှိစေရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ် အမှတ်( ၄) လမ်းမကြီး ရဲကျောင်းမှတ်တိုင် အနီးရှိ ဗုံရွှေကုန်း ဂတ်(စ်)ပိုက်လိုင်းသည် ယနေ့ ညနေ ၅နာရီ ၃၀တွင် မီးစတင်လောင်ကျွမ်းပြီး နေအိမ်နှစ်လုံးမီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ရှားပါး စာရင်းဝင် ငှက်မျိုးစိတ် ဖြစ်သော ရေညှောင့် နှုတ်ဝိုင်း ငှက်များ ကျက်စားနေသည့် မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။