Connect with us

Latin America

ပီရူး၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် ၂ ဦးသေ ၊ ၁၇ ဦးပျောက်ဆုံးနေ


လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ ၂ ဦးသေဆုံးကာ ငလျင်ဒဏ်ကြောင့် မိုင်းတွင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၈ မိနစ်တွင် မြေအောက်အနက် ၃၆ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ပီရူးနိုင်ငံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒဏ်ရာရသူ ၆၅ ဦးရှိကြောင်း ရေးသားဖော်ပြထားသည်။

ငလျင်ဒဏ်ခံစားခဲ့ရသော ပီရူးနိုင်ငံ Arequipa မြို့အားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ခံစားခဲ့ရသော ပီရူးနိုင်ငံ Arequipa မြို့အားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ခံစားခဲ့ရသော ပီရူးနိုင်ငံ Arequipa မြို့အားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ခံစားခဲ့ရသော ပီရူးနိုင်ငံ Arequipa မြို့အားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပီရူးနိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်းမြို့ဖြစ်သော ချာလာမြို့(Chala) ရှိ မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး လူ ၁၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

နေအိမ်ပေါင်းများစွာ ငလျင်ဒဏ်သင့်ခဲ့ကြောင်း ၊ သေဆုံးသူ နှင့် ဒဏ်ရာရသူ ဦးရေမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း ပီရူးနိုင်ငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ Jorge Chavez က ဆိုသည်။

ကြေးနီသတ္တုထုတ်လုပ်မှု ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံဖြစ်သော ပီရူးနိုင်ငံ၌ သတ္တုတွင်းမိုင်း အရေအတွက်များစွာ ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည်။

ယခုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို ပီရူနိုင်ငံ၏ တောင်ပိုင်း အိမ်နီးချင်းဖြစ်သော ချီလီနိုင်ငံ မြောက်ပိုင်း ဒေသ၌ လည်း ခံစားခဲ့ရသည်။ ထိခိုက်ဒဏ်ရာရမှု ၊ အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ချီလီနိုင်ငံ အမျိုးသားအရေးပေါ်ကယ်ဆယ်ရေးရုံးက သတင်းထုတ်ပြန်ထားခြင်း မရှိပေ။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.