ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ ပြိုကျမှုကြောင့်လူ ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၌ ယနေ့ နေ့လည် တစ်နာရီ ၁၇မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယာ့ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ ရှိ ဘုရင့်နန်းတော်ရှေ့တွင် ဆန္ဒပြမှု နှင့် ထွက်ခွာရန် ငြင်းဆန်ခဲ့မှုတို့ဖြင့် ဆော်ဒီမင်းသား ၁၁ဦးကို ဆော်ဒီရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များက Sabq ပြည်တွင်း အွန်လိုင်းသတင်းဋ္ဌာနသို့ ဇန်နဝါရီ ၆ ရက်တွင်အတည်ပြုပြောကြားခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။