လုအန်ဒါ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဂိုလာနိုင်ငံ Uige မြို့မြောက်ပိုင်းရှိ ဘောလုံးကစားကွင်း တစ်ခုအတွင်း၌ ပရိသတ်ကြား အချင်းချင်း တိုးဝှေ့ရာမှ အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖေဖော်ဝါရီလ ၁ဝ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဘာလီကျွန်း၌ ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၁၃ ဦးထိရှိလာပြီး အခြား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဘာလီသဘာဝဘေးအန္တရာယ်အေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ပိုင် မြေစာပုံ ကမ်းပါးပြိုကျမှုကြောင့် လူ ကိုးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ရေးသားပို့ချသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိကောင်းစရာများအား Mobile Device (မိုဘိုင်းဒီဘိုက်) များဖြင့် ဖတ်ရှုနိုင်စေရန် စာမျက်နှာများအား ချိန်ညှိပေးထားကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် တရားမဝင်ပိတောက်သစ် တန် ၁၀၀ကျော်ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လည် ၂နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။