Connect with us

Latin America

ဘရာဇီး ၏ အလိုရှိဆုံး မူးယစ်ရာဇာ အား ရဲတပ်ဖွဲ့က ဖမ်းဆီး

မူးယစ်ရာဇာ“Rogerio 157” အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့သည် အလိုရှိဆုံးဖြစ်သည့် “Rogerio 157” ခေါ် မူးယစ်ရာဇာ Rogerio Avelino da Silva အား ရီယိုဒီဂျနေးရိုးမြို့၌ ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Rogerio 157 အား ရီယိုမြို့ မြောက်ပိုင်း Arara ဆင်းရဲသားကျူးကျော်ရပ်ကွက် တွင် ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဆိုင်ရာ အတွင်းရေးမှူး က တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။Mangueira၊ Tuiti၊ Arara၊ Mandela1၊ Mandela2 နှင့် Barrerado Vasco စသည့် ဆင်းရဲသားကျူးကျော်ရပ်ကွက်ခြောက်ခု တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ အင်အား ၃၀၀၀ကျော် အသုံးပြု၍ Rogerio 157 ဖမ်းဆီးရေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Rogerio 157 သည် ဘရာဇီးနိုင်ငံရှိ အကြီးဆုံးကျူးကျော်ရပ်ကွက်ဖြစ်သော Rocinha ရှိ ရာဇဝတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယင်းရပ်ကွက်တွင် စက်တင်ဘာလ က ပြိုင်ဘက်ဂိုဏ်း အချင်းချင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။Rogerio 157 အားဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ဘရားဇီး ရီရယ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၀၀၀ခန့်) ဆုကြေးပေးမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု နှင့် လူသတ်မှု စွဲချက်များ ဖြင့် ရင်ဆိုင်နေရသည့် မူးယစ်ရာဇာ Rogerio 157 အကြောင်း နှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု ၄၃၄ခုကို ၂၀၁၇ခုနှစ် အစပိုင်းကတည်းက လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။လွန်ခဲ့သည့် လအနည်းငယ်အတွင်း Rogerio 157 သည် ရဲများ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်ရှားနိုင်ရန် တူညီသောနေရာတစ်ခုထဲတွင် ကြာရှည်စွာ နေထိုင်ခြင်းမရှိဘဲ ၎င်း၏ရာဇဝတ်ဂိုဏ်းက ထိန်းချုပ်ထားသည့် ကျူးကျော်ရပ်ကွက်တစ်ခု မှ တစ်ခုသို့ အမြဲကူးပြောင်းနေထိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)