Connect with us

Videos

တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အဓိကမြို့ကြီးများကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းဖွင့်

ရှီအန်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှီအန်းမြို့(Xi’an) နှင့် အနောက်တောင်ပိုင်း ချန်ဒူးမြို့(Chengdu) အကြားဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းကို ယနေ့(ဒီဇင်ဘာ ၅ ရက်) တွင်စတင် ပြေးဆွဲခဲ့ပြီး ၊ အဆိုပါမြန်နှုန်းမြင့်ရထားလမ်းသည် ၎င်းမြို့နှစ်မြို့အကြာ ခရီးအကွာအဝေးကြာချိန် ၁၁ နာရီကို ၄ နာရီဖြင့် ရောက်ရှိအောင် လျော့ချပေးနိုင်မည်ဖြစ်သည်။

အရှည် ၆၅၈ ကီလိုမီတာရှိသော ရထားလမ်းပိုင်းအသစ်သည် တရုတ်နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်းအကြား သဘာဝ တံတိုင်းတစ်ခုအဖြစ် တည်ရှိနေသည့် Qinling တောင်တန်းများကို ဖြတ်၍ ပြေးဆွဲပေးမည့် တရုတ်နိုင်ငံ၏ ပထမဆုံး ရထားလမ်းပိုင်းတစ်ခုဖြစ်သည်။

ရှီအန်း – ချန်ဒူး ရထားလမ်းပေါ်တွင် လိုဏ်ခေါင်းများစွာ နှင့် တံတားများစွာကို ဖောက်လုပ်တည်ဆောက်ထားရသည်။ ၎င်းတို့အနက် အလျား ၁၆ ကီလိုမီတာ အရှည်ရှိသော ရထားသံလမ်းဒွေးလမ်းပါဝင်သည့် ဥမင်လိုဏ်ခေါင်းတစ်ခုလည်း ပါဝင်သည်။ အဆိုပါ ဥမင်လိုဏ်ခေါင်းသည် အာရှတိုက်၏ အရှည်လျားဆုံး ဥမင်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.