လေးရက်ကြာကျင်းပတဲ့ အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး (AEM) မှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုအတွက် စုပေါင်းကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ (၉၈,၀၀၀) တန်ဘိုးရှိတဲ့ ဆန်တန်ချိန် (၁၂၃) တန်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း က လှူဒါန်းခဲ့ပါတယ်။
မြန်မာပြည်မှာ ကျင်းပတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ရတဲ့အတွက် နှစ်သက်ကျေနပ် ခဲ့ရတယ်လို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu Yandong က ပြောဆိုလိုက်ပါတယ်။