Connect with us

Politics, Law & Military

ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်၊ခဲယမ်းနှင့် မိုင်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော အကြမ်းဖက်သမားများ သိုဝှက်ထားသော လက်နက်၊ ခဲယမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်၊ခဲယမ်းနှင့် မိုင်းများအား သဝန်ချောင်းကျေးရွာ အနီး ပတ်ဝန်းကျင်အနီးတွင် ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

သဝန်ချောင်းကျေးရွာအနီး အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၊ မေယုတောင်ခြေ ချုံအတွင်းမှ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ အလျား(၈)လက်မ၊ အချင်း(၅) လက်မခန့်ရှိ လက်လုပ် ဆွဲမိုင်း (၂)လုံး၊ အလျား(၁၀)လက်မ၊ အချင်း(၂)လက်ခန့်ရှိ Remote Control လက်လုပ်မိုင်း (၂)လုံး၊ အလျား(၉)လက်မ၊ အချင်း(၂) လက်မခန်ရှိ သံပိုက် ဖြင့်ပြုလုပ်ထားသော လက်လုပ် လက်ပစ်ဗုံး (၃)လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ NF 11/63 mm Cs Smoke Grenade စာတမ်းပါငွေရာင်မီးခိုးဗုံး(၁)လုံး၊ အလျား(၁၁)လက်မ၊ အချင်း(၁)လက်မခွဲခန့်ရှိ မီးကျည်(၂)ချောင်း၊ အလျား (၆)လက်မခွဲ၊ အချင်း(၁) လက်မခန့်ရှိ မီးကျည်(၂)ချောင်း၊ လက်လုပ်မိုင်းခွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း သော့ချိတ်(၉)ခု၊ New Leader စာတမ်းပါ ဓာတ်ခဲ(၂)လုံး၊ အလျား(၃)လက်မ၊ အနံ(၂)လက်မ၊ ထု(၁)လက်မရှိ ဝါယာကြိုးများဖြင့် သွယ်တန်းထားသော ကြားခံပစ္စည်း(၁) ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်နေ့၊ညနေ ၃ နာရီမိနစ်၂၀ တွင် မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှ မသင်္ကာသူများ ရောက်ရှိနေကြောင်း တိုင်တန်းချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့မကညင်တန်းအုပ်စု အတွင်း သွားရောက်ရှာဖွေခဲ့ရာ အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အရိုး အသွား (၁)ပေခွဲခန့်ရှိ စတီးဓား (၁)ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.