Connect with us

Videos

မြန်မာနိုင်ငံ၏ ပထမဆုံး မြစ်ကြောင်းအတွင်း ခရီးသည်ပို့ဆောင်ရေး (Yangon Water Bus) ပြေးဆွဲတော့မည်

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ မြစ်ကြောင်းတလျှောက် ခရီးသည်ပို့ဆောင်မှုကို မြန်မာနိုင်ငံ၏ ပထမဆုံး မြစ်ကြောင်းအတွင်း ခရီးသည်ပို့ဆောင်ရေး (Yangon Water Bus) က အောက်တိုဘာလ ၇ ရက်နေ့တွင် အခမဲ့ စတင်ပြေးဆွဲမည်ဖြစ်ကာအောက်တိုဘာလ ၈ ရက် နေ့ တွင် ခရီးစဉ်တစ်ဖြတ်လျှင် ကျပ်၃၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယနေ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ပြုလုပ်သည့် Yangon Water Bus ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ ပြောကြားသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ Water Bus စီမံကိန်း နှင့် ပတ်သက်၍ တင်ဒါခေါ်ယူခဲ့ကြောင်း၊ တင်ဒါအောင်မြင်သည့် တင့်တင့်မြန်မာကုမ္ပဏီလီမိတက်အား အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်တွင် ဘတ်စ်ကားများ ယာဉ်ကြောပိတ်ဆို့မှု ကို ခံစားနေရကြောင်း၊ ထို့ကြောင့် ရေကြောင်းလိုင်းမှ သွားပါက ယာဉ်ကြောကျပ်တည်းမှု ကို တစုံတရာ ပြေလျော့သွားနိုင်စရာရှိကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။ Tint Tint Myanmar Group of Co.Ltd မှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က “သဘောၤရပ်နားမည့် မှတ်တိုင် ၇မှတ်တိုင် ရှိပါတယ်။ မှတ်တိုင်တွေရဲ့ဆိပ်ခံတံတားတွေမှာ မြေပုံကားချက်များလုပ်ပေးထားပါတယ်။ မှတ်တိုင်များရဲ့ နာမည် နဲ့ ဆိုက်ရောက်မယ့် အချိန်များကို အကြမ်းအားဖြင့် ကြေညာထားပါတယ်။ သဘောၤဘယ်အချိန်ဆိုက်မယ် ဆိုတာ ကို ခရီးသွားပြည်သူ့များကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်း (Application) ကို အသုံးပြုထားပါတယ်။ သဘောၤဆိုက်ရောက်မယ့် အချိန်သာမကသဘောၤဘယ်နေရာ ရောက်နေတယ်ဆိုတာကိုပါကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်းကို အသုံးပြုထားပါတယ်” ဟုပြောသည်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်းထားပြီး အင်းစိန်အောင်ဇေယျတံတားအောက်အထိ နေ့စဉ်နေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ မှတ်တိုင် ၇ ခုမှာ အင်းစိန်၊နန်းသီတာ၊လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်၊ ဗိုလ်တစ်ထောင်တို့ဖြစ်ကြသည်။ ၎င်းစီမံကိန်းကိုဆောင်ရွက်ရန် Tint Tint Myanmar Group of Co.Ltd အနေဖြင့် ကမ္ဘောဇဘဏ်မှ စီမံကိန်းချေးငွေ အနေနှင့် ငွေကျပ်၃၇ ဘီလီယံကို ချေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ သဘောၤစီးရန်အတွက် ကတ်စနစ်ကို ပြုလုပ်ထားကြောင်း၊ သဘောၤထွက်ရှိမည့် အချိန် နှင့် ဆိုက်ရောက်ချိန် အချိန်ဇယား များ ကိုဆိပ်ကမ်းများတွင်ကပ်ထားဖြစ်ကြောင်း နှင့်လုံခြုံရေးပိုင်းအတွက် GPS နှင့် စောင့်ကြည့် သည့် စနစ်၊ CCTV စနစ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ သဘောၤများကို ပြည်ပ နိုင်ငံများမှ မှာယူထားသလို ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပြည်တွင်းတွင်လည်း ဆောက်လုပ်ထားကြောင်း၊ သဘောၤ အမျိုးအစားအလိုက် Yangon Water Bus တွင် သဘောၤအကြီး ၌် လူ ဦးရေ ၁၀၀ ကျော်မှ ၂၀၀ ကျော်အထိ လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.