ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံ ရှစ်နိုင်ငံမှ ပျံသန်းလာသော လေကြောင်းလိုင်းအချို့ တွင် ပါရှိလာသည့် ခရီးဆောင်အိတ်များအတွင်း လက်တော့ပ်နှင့် တက်ဘလက်များ ကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်လာခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် ၎င်းတို့၏ လက်ဆွဲအိတ်များအတွင်း လက်တော့ပ်များ၊ တက်ဘလက်များ၊...
ရီယို ဒီ ဂျနေရို၊ မတ် ၂၅ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး အသားထုတ်လုပ်မှုကုမ္ပဏီ ဖြစ်သည့် ဘရာဇီးနိုင်ငံမှ JBS ကုမ္ပဏီက နိုင်ငံအတွင်းရှိ ၎င်း၏ စက်ရုံ ၃၆ခုအနက် ၃၃ခု၏ အသားထုတ်လုပ်မှုအား သုံးရက်ကြာ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု အနီးတွင် မတ်လ ၂၄ ရက် ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမားဟုသံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။
မနီလာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး က ၎င်း၏ တရုတ်နိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်အဖြစ် မေလ၌ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ က ကြီးမှူးကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးညီလာခံသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၄ရက်ကပြောကြားခဲ့သည်။
ဘိုအာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် မတ်လ ၂၅ရက် နံနက်ပိုင်း၌ ပြုလုပ်သော ၂၀၁၇ခုနှစ် အာရှဆိုင်ရာဘိုအောဖိုရမ်၏ နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။