Connect with us

Social

၂ဝ၁၇ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ ဒသမ ၃၉ သန်းရှိ

ရန်ကုန်တိုင်းဒေသကြီး ၏ လူဦးရေပိရမစ် (၂၀၁၄) အားတွေ့ရစဉ် (ဓာတ်ပုံ-- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူ ရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂ဝ၁၇ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါနေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေ စာရင်းမှာ ကချင်ပြည်နယ်တွင် ကျား ၉၅၁၂၃၈ ဦး၊ မ ၈၇၈၆၁၁ ဦး စုစုပေါင်း ၁၈၂၉၈၄၉ ဦး၊ ကယားပြည်နယ်တွင် ကျား ၁၅၄,၃၃ဝ ၊ မ ၁၅၅,၈၈၃ ဦး စုစုပေါင်း ၃၁ဝ,၂၁၃ ဦး၊ ကရင်ပြည်နယ်တွင် ကျား ၇၇၉,၃၉၈ ဦး၊ မ ၈၁၃,၆၅၅ ဦး စုစုပေါင်း ၁,၅၉၃,ဝ၅၃ ဦး၊ ချင်းပြည်နယ်တွင် ကျား ၂၄၃,၃၂၆ ဦး၊ မ ၂၆၅,ဝ၃၃ ဦး စုစုပေါင်း ၅ဝ၈,၃၅၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား ၂,၅၉ဝ,၆၆၄ ဦး၊ မ ၂,၉ဝဝ,၅ဝ၆ ဦး၊ စုစုပေါင်း ၅,၄၉၁,၁၇ဝ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား ၇၂၄,၅၃၆ ဦး၊ မ ၇၃၅,၄၁၇ ဦး စုစုပေါင်း ၁,၄၅၉,၉၅၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ကျား ၂,၃၃၆,၄၆၄ ဦး၊ မ ၂,၅၈၂,၃၅၇ ဦး စုစုပေါင်း ၄,၉၁၈,၈၂၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ကျား ၁,၈၁၄,၂၃ဝ၊ မ ၂,၁၂၇,ဝဝ၉ ဦး စုစုပေါင်း ၃,၉၄၁,၂၃၉ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ကျား ၃,ဝ၂၁,၈၁၄ ဦး၊ မ ၃,၃၆၇,၅၇၇ ဦး စုစုပေါင်း ၆,၃၈၉,၃၉၁ ဦး၊ မွန်ပြည်နယ်တွင် ကျား ၉၅၅,၇၄၄ ဦး ၊ မ ၁,ဝ၅၅,၆၈၃ ဦး စုစုပေါင်း ၂,ဝ၁၁,၄၂၇ ဦး၊ ရခိုင်ပြည်နယ်တွင် ကျား ၁,၅၇၂,၉၅၆ ဦး၊ မ ၁,၇၂၇,ဝ၈၃ ဦး စုစုပေါင်း ၃,၃ဝဝ,ဝ၃၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျား ၃,၇၆၉,၇၇၈ ဦး၊ မ ၄,၁၆၆,၈၅၉ ဦး စုစုပေါင်း ၇,၉၃၆,၆၃၇ ဦး၊ ရှမ်းပြည်နယ်တွင် ကျား ၃,ဝ၈၇,၂၅၇ ဦး၊ မ ၃,၁ဝ၁,၄၃၂ ဦး စုစုပေါင်း ၆,၁၈၈,၆၈၉ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ကျား ၃,ဝ၄၅,ဝ၄ဝ ၊ မ ၃,၂၂၆,ဝ၃ဝ စုစုပေါင်း ၆,၂၇၁,ဝ၇ဝ ၊ နေပြည်တော်ကောင်စီနယ်မြေတွင် ကျား ၆ဝ၁,ဝ၇၂ ဦး၊ မ ၆၃၆,၉၆၆ဦး စုစုပေါင်း ၁,၂၃၈,ဝ၃၈ ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာ ကျား ၂၅,၆၄၇,၈၄၇ ဦး၊ မ ၂၇,၇၄ဝ,၁ဝ၁ ဦး စုစုပေါင်း ၅၃,၃၈၇,၉၄၈ ဦးဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.