Connect with us

North America

ဖြေရှင်းရန် အဖြေ မရှိတော့သည့် အမေရိကန်နိုင်ငံ၏ သေနတ်ပြဿနာ

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် မြို့တွင် ဖြစ်ပွား ခဲ့သည့် သေနတ်ပစ်ခတ် တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့ က အောက်တိုဘာ ၁ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၅၉ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ၅၂၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်း ဝမ်းနည်းဖွယ် သေနတ် ပစ်ခတ် တိုက်ခိုက်မှု သည် အမေရိကန် နိုင်ငံ ၏ သမိုင်းကြောင်း တစ်လျှောက် အဆိုးရွားဆုံးသော တိုက်ခိုက်မှု တစ်ရပ် ဖြစ်စေခဲ့ပြီး အမေရိကန် ပြည်သူလူထု ၏ စိတ်နှလုံးသား ကို ထပ်မံ ကြီးမားနက်ရှိုင်းစွာ ဒဏ်ရာ ဖြစ်စေခဲ့ကာ ဖွဲ့စည်းအုပ်ချုပ်မှု တစ်ခု ၏ ရင်ဆိုင်နေရာသော အခက်အခဲ မှာလည်း အဖြေမဲ့ ဖြစ်နေခဲ့သည်။

အမှတ် ၉၁ လမ်းမကြီး တွင် ဂီတဖျော်ဖြေပွဲ ကျင်းပနေသည့် အချိန်တွင် သေနတ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး နာမည်ကျော် အမေရိကန် ကျေးလက် ဂီတ (Country) အဆိုတော် Jason Aldean က သီဆို ဖျော်ဖြေနေချိန်ဖြစ်သည်။ သို့သော် ဂီတ သံစဉ်များသည် သေနတ်ပစ်ခတ် ခံရ၍ သေဆုံးသူ များ ၏ နောက်ဆုံး နှုတ်ဆက်သံစဉ် တစ်ပုဒ် ဖြစ်စေခဲ့သည်။ Country ဂီတ သည် အေးချမ်းတည်ငြိမ်ခြင်း ကို ကိုယ်စားပြုသည့် ဂီတ အမျိုးအစား ဖြစ်သော်လည်း သေနတ်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် အမေရိကန် နိုင်ငံ လူမှုပတ်ဝန်းကျင် အတွက် ဖျောက်ဖျက်မရ သည် အရိပ်ဆိုး တစ်ခု ဖြစ်စေ ခဲ့သည်။

၂၀၁၂ ခုနှစ် တွင် အမေရိကန် နိုင်ငံ Sandy Hook မူလတန်း ကျောင်းတွင် ဖြစ်ပွား ခဲ့သည့် လူပေါင်း ၂၈ ဦး သေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှု မှ ၂၀၁၅ ခုနှစ် တွင် San Bernardino ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု ၊ ယခင် နှစ် က ဖလော်ရီဒါ ပြည်နယ် ရှိ နိုက်ကလပ် တွင် ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှု မှ ယခု လာ့စ်ဗီးဂတ်စ် တွင် ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှု အထိ လတ်တလော နှစ်များတွင် အမေရိကန် နိုင်ငံ ၌ သေနတ်ပစ်ခတ်မှုကြောင့် လူများသေဆုံးရသည့် အိမ်မက်ဆိုးသည့် ထပ်တလဲလဲ ဖြစ်ပွားနေသည်။ အမေရိကန် လူမှုပတ်ဝန်းကျင် သည်လည်း “သေနတ်ပစ်ခတ်မှု – ထိတ်လန့်တုံလှုပ်ခြင်း – ပြန်လည်ဝေဖန်သုံးသပ်ခြင်း – သေနတ်ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခြင်း” ဟူသည့် အံ့သြဖွယ် သံသရာ စက်ဝန်းဖြင့် လည်ပတ်နေသည်။ ငယ်ရွယ်နုပျိုသူ များ တစ်ဦးပြီး တစ်ဦး ဆုံးရှုံးသွားရပြီး ကြေကွဲဖွယ် အတိတ်ပုံရိပ်ဆိုးများသည်လည်း ထပ်ကာထပ်ကာ ပိုမို တိုးမြှင့် လာခဲ့သည်။ အစိုးရ နှင့် ဖွဲ့စည်းအုပ်ချုပ်မှု စနစ် ၏ လိုအပ်ချက်များသည်လည်း ကြီးမားသည့် ဆုံးရှုံးနစ်နာမှု များဖြစ်ပွားလာချိန်တွင် မည်သို့မှ ဖြေရှင်းနိုင်ခြင်းမရှိသည့် အခြေအနေ သို့ရောက်ရှိစေခဲ့သည်။

လာ့စ်ဗီးဂတ်စ် မြို့တည်ရှိရာ နီဗားဒါး ပြည်နယ် သည် အမေရိကန် နိုင်ငံ၏ သေနတ် အပေါများဆုံး သော ဒေသ တစ်ခု အပါအဝင် ဖြစ်သည်။ အမေရိကန် နိုင်ငံ ABC သတင်းဌာန ၏ ဖော်ပြချက်အရ နီဗားဒါး ပြည်နယ် တွင် အသက် ၁၈ နှစ်အထက် ရှိသူများမှ ခွင့်ပြုချက်မရှိဘဲ သေနတ် ကိုင်ဆောင်ခြင်း ကို ဥပဒေ ဖြင့် အရေးယူမှု ဆောင်ရွက် နိုင်ခြင်း မရှိကြောင်း သိရှိခဲ့ရသည်။ ယခု ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှု ကို ရိုက်ကူးထားသည့် ဗီဒီယို ဖိုင် တစ်ခု မှ အခင်းဖြစ်ပွားရာ နေရာ တွင် စက်သေနတ် ဖြင့် အဆက်မပြတ် ပစ်ခတ်နေသံ ကို ကြားရသောအခါ စာရေးသူအနေဖြင့် အမေရိကန် နိုင်ငံ အမျိုးသား ရိုင်ဖယ် အဖွဲ့အစည်း ၏ ဝက်ဘ်ဆိုက် ကို သွားရောက်ကြည့်ရှု ဖြစ်ခဲ့သည်။ ထိုဝက်ဘ်ဆိုက် မှ နီဗားဒါး ပြည်နယ်တွင် စာရင်းသွင်းခြင်း နှင့် ပြည်ထောင်စု အစိုးရ သတ်မှတ်ချက်များ နှင့် ကိုက်ညီ ပါက စက်သေနတ် များကို တရားဝင် ရောင်းဝယ် နိုင်ကြောင်း သိရှိခဲ့ရသည်။ လော့စ်အိန်ဂျယ်လ်လီ မြို့ အငြိမ်းစား ရဲတပ်ဖွဲ့ဝင် ၊ FBI အထူးစုံထောက် စတီးကိုလ်းမတ် က နီဗားဒါး ပြည်နယ် သည် ကြမ်းတမ်းရိုင်းစိုင်း သည့် အနောက်ပိုင်း ဒေသ ကဲ့ သို့ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။

ကြမ်းတမ်းရိုင်းစိုင်း သည့် အနောက်ပိုင်း ဒေသ အခြေအနေ မျိုး မည်သည့် အချိန်တွင် ရပ်ဆိုင်းနိုင်မည်နည်း။ အမေရိကန် နိုင်ငံ အနေဖြင့် မည်သည့် အချိန်တွင် သေနတ် ပြဿနာ ကို ဖြေရှင်း နိုင်မည်နည်း။ စသည့် မေးခွန်းများ၏ အဖြေကို လက်ရှိချိန်ထိ ရှာဖွေ့တွေ့ရှိခြင်း မရှိသေးသောအကြောင်း အရင်း မှာ ယင်းပြဿနာ သည် အဖွဲ့အစည်း များ၏ အကျိုးစီးပွား နှင့် ပတ်သက်ဆက်နွယ်နေသည်။ ပါတီများအကြား အငြင်းပွားမှု နှင့် ပတ်သက်ဆက်နွယ်နေပြီး တည်ဖိုးထားနားလည်မှု နှင့်လည်း ပတ်သက်ဆက်နွယ် နေသောကြောင့် ယင်းပြဿနာ သည် မည့်သည့် အချိန်မှ ဖြေရှင်း နိုင်မည် မဟုတ်သည့် ပြဿနာ တစ်ရပ် ဖြစ်စေ ခဲ့သည်။

နီဗားဒါး ပြည်နယ် အထက်လွှတ်တော် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်ဟောင်း ဟယ်လီရီစ် က သေနတ်များကို ထိန်းချုပ်သွားရန် ထောက်ခံပြောကြားစဉ် က အမေရိကန် နိုင်ငံ တွင် မည်သည့် အရာ မှ ၉၀ ရာခိုင်နှုန်းသော ပြည်သူလူထု တို့၏ ထောက်ခံမှု ကို ရရှိရန် မလွယ်ကူကြောင်း သို့သော် အမေရိကန် နိုင်ငံ တွင် အဖွဲ့အစည်း များ၏ အကျိုးစီးပွား နှင့် နှိုင်းယှဉ်လာခဲ့လျင် ပြည်သူလူထု ၏ သဘောဆန္ဒ သည် မည်မျှ သေးငယ်ကြောင်း ကို သက်သေပြ နိုင်ခဲ့သည် ဟု ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့ အနေဖြင့် လာ့စ်ဗီးဂတ်စ် ပစ်ခတ်မှု နှင့် ပတ်သက်သော သံသယ ရှိသူ ၏ အနီးပတ်ဝန်းကျင် နှင့် နေအိမ်များကို သွားရောက် စစ်ဆေး ခဲ့ရာတွင် သေနတ်ပေါင်း အနည်းဆုံး ၃၅ လက် ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။ ဤသို့ များပြားသော သေနတ်များကို တရားဝင် ကိုင်ဆောင်ထားခြင်းသည် အမေရိကန် ဥပဒေ ၏ ခွင့်ပြုချက် မှ လွဲ၍ မည်သည့် အကြောင်းအရင်းကြောင့် မှ ထားရှိ နိုင်မည် မဟုတ်ကြောင်း သိရှိရမည်။ ထို့ပြင် အမေရိကန် အမျိုးသား ရိုင်ဖယ် အဖွဲ့အစည်း ၏ ထောက်ခံကာကွယ်ပေးမှု သည်လည်း အကြောင်းအရင်း တစ်ခု အပါအဝင် ဖြစ်သည်။ အမေရိကန် နိုင်ငံ တွင် ရွေးကောက်ပွဲကြီး ကျင်းပ ချိန်တိုင်းတွင် အဖွဲ့ဝင်ပေါင်း ၄ သန်း ရှိသည့် အမေရိကန် အမျိုးသား ရိုင်ဖယ် အဖွဲ့အစည်း သည် ရွေးကောက်ပွဲ ရလာဒ် အပေါ် များစွာ သြဇာသက်ရောက်မှု ရှိနေသည်။ ထို့ပြင် ယင်းအဖွဲ့အစည်း အဖွဲ့ဝင် များ၏ ဆန္ဒမဲ များသည် ဒေသတွင်း ရွေးကောက်ပွဲ များမှ အမြင့်ဆုံး တရားရုံး တရားသူကြီး ရာထူး ခန့်အပ်ခြင်း အထိ သြဇာသက်ရောက်မှု ရှိနေသည်။ ထို့ကြောင့် ကြီးမားသော အကျိုးစီးပွား ပတ်သက်ဆက်နွယ်မှုကြောင့် အမေရိကန် နိုင်ငံ တွင်လည်း သေနတ် ကိုင်ဆောင်ခွင့် အတွက် မီးစိမ်းပြပေးခဲ့ရသည်။

အမေရိကန် နိုင်ငံ တွင် သေနတ်များကို ထိန်းချုပ်သွားမည်လား ဟူသည့် ကိစ္စရပ် သည်လည်း ဒီမိုကရက်တစ်ပါတီ နှင့် ရီပတ်ဗလီကန်ပါတီ အကြား အမြဲအငြင်းပွားမှု ဖြစ်ပွား သည့် ကိစ္စရပ် တစ်ခု ဖြစ်သည်။ နောက်ဆုံး သေနတ် ကန့်သတ်ထိန်းချုပ်ရန် အတွက် အတိုင်းအသာ သေးငယ်သော ဥပဒေမူကြမ်း ကို ရရှိလာခဲ့လျှင်ပင် လွှတ်တော်တွင် မည်သို့မျှ ရှေ့ဆက်မဆောင်ရွက်နိုင်သည့် အခြေအနေ ဖြစ်စေခဲ့သည်။ ကာလတစ်လျှောက် လွှတ်တော် ကိုယ်စားလှယ် အများအပြား တို့မှ သေနတ်ကိုင်ဆောင်ခွင့် ပမာဏ ကို တိုးမြှင့် နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု များစွာ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပြီး ယင်းနိုင်ငံရေး ဆောင်ရွက်မှုများသည် တဖြည်းဖြည်းခြင်း အမေရိကန် လူမှုပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဖြစ်ပွား လာစေခဲ့သည်။

သေနတ် ကိုဆောင်ခွင့် သည် အမေရိကန် နိုင်ငံ ၏ အခြေခံ ဥပဒေတွင် ပါဝင်သည့် ပြည်သူလူထု အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်သည်။ သို့သော် လက်ရှိဖြစ်ပွားနေသည့် ပြဿနာ မှ ခေတ်ကာလ မှာ ပြောင်းလဲသွားပြီး ဖြစ်သည်။ ယခင်က သေနတ်ရှိလျှင် မိမိ ကိုယ်ကိုယ် ကာကွယ်နိုင်သော်လည်း ယခု ချိန်တွင် သေနတ် ကို အသုံးချ၍ ဆိုးရွားသည့် အဖြစ်ဆိုးများ ဖြစ်ပွား စေနိုင်သည်။ သေနတ် ပြဿနာ နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ လူမှုပတ်ဝန်းကျင် မှ ဘုံသဘောတူညီချက် ထားရှိနိုင်ခြင်း မရှိပါက ကမ္ဘာ့ပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး နိုင်ငံတွင် နေထိုင်သူများသည် နေစဉ် ထိတ်လန့်မှု များအောက်တွင် ဘဝ ကို ဖြတ်သန်းသွားရမည် ဖြစ်ပြီး သေနတ်ကိုင်ဆောင်သူ ၏ ဒေါသ တစ်ချက်ကြောင့် အပြစ်မဲ့သူများ ဆက်လက် ပေးဆပ် သွားရအုံးမည် ဖြစ်သည်။

ထို့ကြောင့် ယင်းကဲ့သို့သော ဖွဲ့စည်း အုပ်ချုပ်မှု အောက်တွင် သေနတ် ကို ထိန်းချုပ် နိုင်မည်လား ဟူသော မေးခွန်း၏ အဖြေမှာ သိသာထင်ရှား နေပါသည်။ အသက်ရှင်သန်နေထိုင်ရေး အတွက် လုံခြုံမှု မရှိလျင် လူဘဝသည်လည်း ပျှော်ရွှင်မှု မရရှိနိုင်ပါ။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် လာ့စ်ဗီးဂတ်စ် ၌ အဖြစ်ဆိုးထပ်မံ ဖြစ်ပွားခဲ့သော်လည်း ပြဿနာ ကို ဖြေရှင်းနိုင်မည့် အဖြေမှာ လက်ရှိချိန်ထိ လေထဲတွင် ပျံဝဲနေဆဲသာ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.