ရီယာ့ဒ်၊ နိုဝင်ဘာ ၁၅ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခု သည် အာရှအလုပ်သမားတစ်ဦးအား ဝန်ထမ်းများရှေ့တွင် ၎င်း၏ မုတ်ဆိတ်အား အတင်းအကျပ်ရိတ်ခိုင်းမှုဖြင့် အာရပ်လူမျိုး မန်နေဂျာတစ်ဦးအား ထောင်ဒဏ် တစ်နှစ် နှင့် ကြိမ်ဒဏ် အချက် ၉၀၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်းသတင်းစာ Okaz က နိုဝင်ဘာ ၁၄ရက်တွင်...
ကွမ်တုံ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ဒေါက်တာဆွန်ယက်ဆင်၏ နှစ် ၁၅ဝ ပြည့် မွေးနေ့ကို ပြန်ပြောင်း သတိရသောအားဖြင့် သုံးရက်ကြာကျင်းပသည့် ဆွန်ယက်ဆင် နိုင်ငံတကာပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗျူနိုအဲရစ်၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဂျင်တီးနားဘောလုံးအသင်းမှ လီယိုနယ်မက်ဆီသည် အခြားအသင်းဖော် ကစားသမားအချို့နည်းတူ နိုဝင်ဘာလ ၁၄ ရက်က ဗျူနိုအဲရစ် မှ ဆန်ဂျွန်းသို့လေယာဉ်ပျံဖြင့် ခရီးသွားစဉ် နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း သတင်းများကဆိုသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ ယနေ့အထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းနှင့် တပ်မတော်မှ အရာရှိ/စစ်သည် ၁၇ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။
မော်စကို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်မှ MiG-29 ဂျက်တိုက်လေယာဉ် တစ်စင်းသည် မြေထဲပင်လယ်အတွင်းရှိ လေယာဉ်တင်သင်္ဘောပေါ်သို့ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။