ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘောလုံးနည်းပြသင်တန်း AFC ‘C’ Coaching Certificate Course နည်းပြသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ပြောင်းလဲ ကျင့်သုံးရာတွင် ကြားကာလ၌ အမျိုးသားစီမံကိန်းဥပဒေကြမ်းအဖြစ် ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကားဗုံးဖောက်ခွဲရန် ကြံစည်သူ အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးအား ဇန်နဝါရီလ ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ပဲခူးမြို့နယ် ၊ မိုးညိုမြို့နယ်၊ မင်းဒူးကျေးရွာ တံတားအနီး မိုင်တိုင် (၅၄/၃-၄)ကြားတွင် ပေ၅၀ခန့်မြေပြိုကျ၍ ကတ္တရာလမ်းတစ်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် နှစ်နိုင်ငံအစိုးရအကြား ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို နယ်စပ်ရွာလေး ပန်မွန်ဂျုံရွာ (Panmunjom)၌ ယနေ့( ဇန်နဝါရီ ၉ ရက်) တွင် စတင်ကျင်းပခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ သတင်းမီဒီယာ များ၏...