ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ တစ်နေ့အတွင်း နေရာနှစ်နေရာမှ စိတ်ကြွဆေးပြား ခန့်မှန်းတန်ဖိုး သန်း တစ်သောင်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်သူများ အသင်း(MBA)ကို ပြည်တွင်း ရုပ်/သံ မီဒီယာ ၁၅ ခုဖြင့် စတင် ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၁၈ရက်နေ့တွင်ကျင်းပသော မိတ်ဆက် အခမ်းအနားထံမှ သိရသည်။
ချီကာဂို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)ကမ္ဘာပေါ်တွင် ခေတ်ရှေ့ပြေးနည်းပညာများကို ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများမှ ၂ နှစ်လျှင် တကြိမ်ကျင်းပမြဲဖြစ်သည့် အပြည်ပြည်ဆိုင်ရာ နည်းပညာထုတ်လုပ်ရေးပြပွဲကို အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင်ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲ တွင် နောက်ဆုံးပေါ်နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုအကြံဉာဏ်များကို အချင်းချင်း မျှဝေနိုင်စေရန် ထိုသို့ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။ ပြပွဲတွင်ပြသထားသည့် နည်းပညာအများစုမှာ...
ဟိုးဟော့၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်-မွန်ဂိုးလီးယား နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံဘက်ခြမ်းမှ မြေပြင် ပြုပြင်ခြင်း လုပ်ငန်း စက်တင်ဘာလ ၁၉ ရက်တွင် စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာ့မတ်ပဲဈေးကွက်တွင်း အိန္ဒိယဝယ်လက် အားနည်းသဖြင့် အရောင်းအဝယ်အေးနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။