Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် ကိစ္စများဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံ၏ ပြည်နယ်ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် ကိစ္စများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာရုံးမှ အာရှရေးရာနှင့် ပစိဖိတ်ဒေသဆိုင်ရာ Minister of State ၊ The Rt. Hon Mark Field MP တို့ဆွေးနွေးကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကိစ္စများကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာရုံးမှ အာရှရေးရာနှင့် ပစိဖိတ်ဒေသဆိုင်ရာ Minister of State ၊ The Rt. Hon Mark Field MP အား ယနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.