Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနား ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၏ တောက်ပသည့် အလင်းရောင်များကို ကြည့်မြင်ခံစားနိုင်အောင် ဆောင်ကြဉ်းပေး သွားမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ရက်စက် ကြမ်းကြုတ်မှုများကို ခုခံတွန်းလှန်နေရပြီး အခြေအမြစ်မ ရှိစွပ်စွဲမှုများနှင့် မီဒီယာထောင်ချောက်များကိုလည်း စနစ်တကျချေပနေရကြောင်း အဖွဲ့ချုပ် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အစိုးရတာဝန်ယူနေရသော NLDအနေဖြင့် စိန်ခေါ်မှုများနှင့် ဖိအားများကြောင့် ဒီမိုကရေစီလမ်းကြောင်းက အာရုံပြောင်းသွားမည်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်း အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများ၊ NLD၏ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံတမန်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.