Connect with us

Asia

အိန္ဒိယအနောက်ပိုင်းတွင် ဘုရားဖူးများအား ကားဖြင့်မတော်တဆဝင်တိုက်မိ၍ လူ ၇ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရရှိ

အိန္ဒိယတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် တွင် စက်တင်ဘာ ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၇ဦးသေဆုံးပြီး လူ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရာဂျာစတန်ပြည်နယ် Dhaulpur ဧရိယာ၌ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ကားတစ်စီးသည် အထိန်းအကွပ်မဲ့ပြီး ဘုရားဖူးအုပ်စုများရှိရာသို့ ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

ယင်းသို့ ကားဖြင့် ဝင်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာ၌ပင် ဘုရားဖူး ၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသခံများက နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူက ဒဏ်ရာရရှိသူတစ်ချို့မှာ အခြေအနေပြင်းထန်သောကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများက ကားတစ်စီးသည် အရှိန်ပြင်းစွာမောင်းနှင်လာပြီး လမ်းမပေါ်၌ ဘုရားဖူးအုပ်စု အား ရုတ်တရက်တွေ့မြင်လိုက်ချိန်တွင် ဘရိတ်နင်းရန် နောက်ကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

ယခုမတော်တဆမှုသည် ရာဂျာစတန်ပြည်နယ် တွင် သြဂုတ်လမှစ၍ တတိယမြောက် ယာဉ်မတော်တဆမှုဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုအများစုသည် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများပျက်စီးနေခြင်း နှင့် ယာဉ်များ အိုဟောင်းနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.