နိုင်ရိုဘီ၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သည် Mombasa ကမ်းရိုးတန်းမြို့ ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးအား ISစစ်သွေးကြွအုပ်စု နှင့် ချိတ်ဆက်နေသည့် ပြစ်မှုဖြင့် နိုဝင်ဘာ ၂ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါးတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။
ဖင်လန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး သဘာဝဓါတ်ငွေ့အရည်သုံး ရေခဲခွဲသင်္ဘောကို စမ်းသပ်အသုံးပြုခဲ့သည်။ ထိုသဘောၤတွင် သဘာဝဓါတ်ငွေ့တင်ကွန်တိန်နာ၂ လုံးကို တင်ဆောင်ထား ပြီး လောင်စာဆီထပ်ဖြည့်စရာ မလိုဘဲ ရေခဲတုံးများကို ၁ဝရက် တိတိ ထိုးခွဲနိုင်သည်ဟုသိရသည်။ (Xinhua)
ဘစ်ရှ်ခက်၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် အာရှတိုက် အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ဂာာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ခက် (Bishkek ) မြို့သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၏ ၁၅ ကြိမ်မြောက် ဝန်ကြီးချုပ်များဆွေးနွေးပွဲကို တက်ရောက်ရန်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိခဲ့သည်။ ကာဂျစ်စတန်နိုင်ငံဝန်ကြီးချုပ် Sooronbay Jeenbekov က တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်အား အခမ်းအနားဖြင့်ကြိုဆိုခဲ့သည်။ ထို့နောက် နိုဝင်ဘာလ...
လန်ဒန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ဒန်ရှိသိပ္ပံပညာရှင်များက မောင်းသူမဲ့ယာဉ်ပျံငယ်များ ပျံသန်းနေစဉ်အတွင်း ကြိုးမဲ့စနစ်သုံးကာ အားသွင်းပေးနိုင်မည့် အလွန်အသုံးဝင်သောအဆင့်မြင့်နည်းပညာတစ်ရပ်ကို မိတ်ဆက်ခဲ့ပြီဖြစ်သည်။ အဆိုပါနည်းပညာသည် စမတ်ဖုန်းများ၊ အီလက်ထရောနစ်ပစ္စည်းများကို ကြိုးမဲ့အားသွင်းသည့်နည်း နှင့်ဆင်တူသည်။ ထိုနည်းပညာကိုအသုံးပြုရန်အတွက် ရင်ဆိုင်ရမည့်စိန်ခေါ်မှုများမှာလုံလောက်သော သံလိုက်စက်ကွင်းကိုဖန်တီးတည်ဆောက်ပေးနိုင်ခြင်း နှင့် စွမ်းအင်လက်ခံယူနိုင်စွမ်းရှိခြင်းတို့ဖြစ်ပြီး စမ်းသပ်ဆဲအဆင့်တွင်သာရှိသေးသည်။ မောင်းသူမဲ့ယာဉ်ပျံငယ်မှာ အားပြန်ဖြည့်ပေးနိုင်သည့် သံလိုက်စက်ကွင်းမှ...