Connect with us

International Organizations

တရုတ်နှင့် ဗြိတိန်လက်တွေ့ကျပြီး နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံ ရွှေရောင်ခေတ် ဆက်ဆံရေး အား ခိုင်မာစေရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ရန်အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် (Boris Johnson) နှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် ဝမ်က ယခုနှစ်သည် တရုတ်နှင့် ဗြိတိန်အကြား သံတမန် ဆက်ဆံရေး ၄၅ နှစ် ပြည့်မြောက်သည့် နှစ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဗြိတိန်၏ ထောက်ပံ့ပေးမှုအား တရုတ်က ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်မှု အဖွဲ့အစည်းနှင့်အတူ ဘက်စုံ ကုန်သွယ်မှုစနစ် ဘေးကင်းရေးအတွက် အတူတကွ လုပ်ဆောင်သင့်ကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် မူဝါဒအား ဆန့်ကျင်ခြင်းနှင့် ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေး တစ်ခု တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော အချက်များ ထွက်ပေါ်လာသင့်ကြောင်း သိရသည်။

ဗြိတိန်အနေဖြင့် တရုတ် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် ကျယ်ပြန့်သော နိုင်ငံတကာ လွှမ်းမိုးမှုနှင့်အတူ နိုင်ငံကြီး တစ်နိုင်ငံဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။ ဗြိတိန်နှင့် တရုတ်တို့တွင် အရေးကြီးသော နိုင်ငံတကာရေးရာများတွင် ဘုံ၊ တူညီသော အမြင်များ လက်ကိုင်ထားကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ဈေးကွက် အခွင့်အလမ်း ထိန်းသိမ်းရေးတို့တွင် ဘုံ အကျိုးစီးပွားများနှင့် ဘုံ ရပ်တည်မှုရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ၎င်းတို့ နှစ်ဦးသည် ကိုရီးယားကျွန်းဆွယ်နှင့် အာဖဂန်နစ္စတန် အရေးများတွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဝမ်နှင့် ဂျွန်ဆင်တို့သည် နယူးယောက်မြို့တွင် ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.