Connect with us

Politics, Law & Military

လူထုဗဟိုပြု စီမံကိန်း ဖွံ့ဖြိုးမှုများကို ကျေးလက် လူဦးရေ ငါးသန်းကျော်က ရရှိခံစားပြီဟု ဆို

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာအတွင်း ဖွံ့ဖြိုးမှု အသီးအပွင့်များကို ကျေးလက် လူဦးရေ ငါးသန်းကျော်တို့က ရရှိ ခံစားနေကြပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့နံနက် ပြောကြားခဲ့သည်။

“လူထု ဗဟိုပြု စီမံကိန်း လေးနှစ်တာအတွင်း ကျေးရွာပေါင်း ၈၅၆၅ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခုကို အရည်အသွေး ပြည့်မီစွာနဲ့ လူထု အကျိုး အတွက် အကောင်အထည် ဖော်ပေးနိုင်ခဲ့လို့ ဖွံ့ဖြိုးရေး အသီးအပွင့်တွေကို ကျေးလက် လူဦးရေ ၅ ဒသမ ၂ သန်းတို့က ရရှိခံစားနေနိုင်ပြီ ဖြစ်ပါ တယ်”

နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သော လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် နှစ်ပတ် လည် ပြည်ထောင်စု အဆင့် သက်ဆိုင်သူတိုင်းပါဝင်သော သုံးသပ်ဆွေးနွေးပွဲ (Fourth Annual Union – Level Multi – Stakeholder Review for The Maynmar National Community – Driven Development Project) အခမ်းအနား အဖွင့် မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ Country Director Ms. Ellen Goldstein အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဆုရရှိသော ကျေးရွာများကို ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

စီမံကိန်း မြို့နယ်များ၏ ပြခန်းများကို လှည့်လည် ကြည့်ရှုနေစဉ် (ဆင်ဟွာ)

အဆိုပါ စီမံကိန်းက ဒေသခံ ကျွမ်းကျင်ပညာရှင် ၂၆၄ ဦးနှင့် ဘွဲ့ရလူငယ် ၂၀၅၀ ဦးတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ စီမံကိန်း၏ ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပခဲ့ရာ သုံးသပ် ဆွေးနွေးမှုများမှ ရရှိသည့် အတွေ ့အကြုံ သင်ခန်းစာနှင့် စိန်ခေါ်မှုများကို ဆွေးနွေးပွဲများ ပြီးတိုင်း ဖြေရှင်းရင်း တစ်နှစ်ထက် တစ်နှစ် ကောင်းမွန်ပြည့်စုံအောင် အကောင် အထည်ဖော်နိုင်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ အကျိုးထူးများ ရရှိ ခံစားရခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ အသီးသီးမှ ဥက္ကဌများ သံအမတ်ကြီးများနှင့် သဲရုံး ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ုဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စီမံကိန်း ကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့အတွက် ကမ္ဘာ့ဘဏ်မှ Country Director Ms. Ellen Goldstein က အမှာစကား ပြောကြားခဲ့သည်။

၎င်းက “စီမံကိန်းကို လာမယ့်နှစ်မှာ မြို့နယ် ၁၆ ခုအထိ ထပ်မံ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်၊ တိုးချဲ့ပြီးရင် မြို့နယ် ၆၀ မှာရှိတဲ့ ကျေးရွာပေါင်း ၁၁၅၀၀ မှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ အလွန်ဆင်းရဲ နွမ်းပါးတဲ့ ကျေးရွာလူထု အပါအဝင် လူဦးရေ ခုနစ်သန်းခန့်ကို ကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောခဲ့ သည်။ ထို့အပြင် ယခုစီမံကိန်းတွင် ထိခိုက်လွယ်သည့် ပဋိပက္ခဖြစ်ပွားနေသည့် မြို့နယ် ခုနစ်ခု ပါဝင်ကြောင်း၊ ထိုမြို့နယ်များတွင် သီးသန့်ချဉ်းကပ်နည်းဖြင့် ဂရုတစိုက် ဆောင်ရွက်ရမှာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်ကာ စီမံကိန်းအား ပြုပြင် ပြောင်းလဲဖို့ လို မလို စသည့် အချက်များကိုပါ ယခု သုံးသပ် ဆွေးနွေးပွဲတွင် ဆွေးနွေးကြဖို့ လိုပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းအား ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် ၂၀၁၃ နိုဝင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကမ္ဘာ့ဘဏ်နှင့် အီတလီအစိုးရတို့၏ အတိုးမဲ့နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀၊ နိုင်ငံတော် အစိုးရ၏ ထည့်ဝင်ငွေများ အပါအဝင် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၄၆ သန်းခန့်ရှိကြောင်း မြို့နယ်ပေါင်း အနည်းဆုံး ၆၃ မြို့နယ်၊ လူဦးရေ လွှမ်းခြုံမှု ခုနစ်သန်းအထိ ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.