ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက်ထိ ၆လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ နှစ်ရပ်ပေါင်း တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ကြောင်း တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး...
နိုင်ရိုဘီ၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သည် Mombasa ကမ်းရိုးတန်းမြို့ ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးအား ISစစ်သွေးကြွအုပ်စု နှင့် ချိတ်ဆက်နေသည့် ပြစ်မှုဖြင့် နိုဝင်ဘာ ၂ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါးတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။
ဖင်လန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး သဘာဝဓါတ်ငွေ့အရည်သုံး ရေခဲခွဲသင်္ဘောကို စမ်းသပ်အသုံးပြုခဲ့သည်။ ထိုသဘောၤတွင် သဘာဝဓါတ်ငွေ့တင်ကွန်တိန်နာ၂ လုံးကို တင်ဆောင်ထား ပြီး လောင်စာဆီထပ်ဖြည့်စရာ မလိုဘဲ ရေခဲတုံးများကို ၁ဝရက် တိတိ ထိုးခွဲနိုင်သည်ဟုသိရသည်။ (Xinhua)
ဘစ်ရှ်ခက်၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် အာရှတိုက် အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ဂာာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ခက် (Bishkek ) မြို့သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၏ ၁၅ ကြိမ်မြောက် ဝန်ကြီးချုပ်များဆွေးနွေးပွဲကို တက်ရောက်ရန်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိခဲ့သည်။ ကာဂျစ်စတန်နိုင်ငံဝန်ကြီးချုပ် Sooronbay Jeenbekov က တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်အား အခမ်းအနားဖြင့်ကြိုဆိုခဲ့သည်။ ထို့နောက် နိုဝင်ဘာလ...