Connect with us

Politics, Law & Military

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောကြား

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသစံတော်ချိန် ၂၀း၀၀ နာရီတွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မိန့်ခွန်း၌ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ခဲ့သည့်ကိစ္စ၊ နိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေတစ်ရပ်ရရှိရေးအတွက် မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အလေးပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.