Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ်စက်ရုံမီးလောင်မှုကြောင့် လူ ၆ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်က မီးလောင်မှု ဖြစ်ပွားခဲ့သည့် အထည်ချုပ်စက်ရုံ တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း ခရိုင်တစ်ခုရှိ အထပ်ပေါင်းများစွာပါရှိသည့် အထည်ချုပ်စက်ရုံတစ်ခု တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးသတ်အရာရှိ Ziaur Rahman က မြို့တော် ဒါကာမြို့ အရှေ့တောင်ဘက် ၂၇ကီလိုမီတာ အကွာ Munshiganj ခရိုင်တွင် ဒေသစံတော်ချိန် နံနက် ၉း၅၇နာရီခန့်၌ Ideal အမည်ရှိ လေးထပ်တိုက် အထည်ချုပ်စက်ရုံ တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ဆင်ဟွာကပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

Rahman က အထည်ချုပ်စက်ရုံ ပထမထပ်ရှိ ဓါတုပစ္စည်းသိုလှောင်ရုံမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေရာများသို့ ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးသတ်ယာဉ်စုစုပေါင်း ငါးစီးဖြင့် ဒေသစံတော်ချိန် နေ့လည် ၁နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် အလုပ်သမားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အထည်ချုပ်စက်ရုံ၏ အထွေထွေမန်နေဂျာအပါအဝင် စက်ရုံတာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စနစ်တကျဆောက်လုပ်ထားခြင်းမရှိသည့် အဆောက်အအုံများသည် အလုပ်သမားများစွာ သေဆုံးစေသည့် အလားတူမတော်တဆမှုများ၏ အရင်းအမြစ်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.