ဟိုချီမင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးဆိုင်ရာဥပဒေအား ပြင်ဆင်လိုက်သည့် ဥပဒေသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး နိုင်ငံအတွင်းရှိ စူပါမားကက်များတွင် ဆေးဝါးများ ရောင်းချခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ပါရီ၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ) ပြင်သစ်တရားရုံးတစ်ခုက ဇန်နဝါရီ ၃ရက်တွင် လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားစေခဲ့သည့် ချယ်ဆီးလ်ဘောလုံးအသင်း ပရိသတ်လေးဦးအား ဆိုင်းငံ့ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ပြည်တွင်း သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။
အန်ကာရာ၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ လွှတ်တော်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သုံးလ ထပ်မံသက်တမ်းတိုးရန် ဇန်နဝါရီလ ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း Dogan သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ယနေ့(ဇန်နဝါရီလ ၃ ရက်) ဒေသစံတော်ချိန် ည ၉နာရီ ၅၂ မိနစ်တွင် ဖီဂျီနိုင်ငံ Nadi မြို့ အနောက်တောင်ပိုင်း ၂၂၇ ကီလိုမီတာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးက...
မနီလာ ၊ ဇန်နဝါရီလ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအား သေနတ်သမားတစ်ဦးက ဇန်နဝါရီလ ၄ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၁၅ဝ ဦးကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။