Connect with us

North America

မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူ ၅၈ ဦးအထိရှိလာ၊ ရှေးဟောင်း ပုံတူ အနည်းဆုံး ၃၃၇ ခု ထိခိုက်


မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာလ ၇ ရက် ညပိုင်းက ပမာဏ ၈.၂ ရှိသော ငလျင် တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၈ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်းနှင့် ငလျင်လှုပ်ပြီး ၁၃ နာရီအတွင်း ရှေးဟောင်းပုံတူ ၃၃၇ ခု ထိခိုက်မိခဲ့ကြောင်း မက္ကဆီကို အမျိုးသား ငလျင်လုပ်ငန်း SSN က စက်တင်ဘာလ ၈ ရက်က ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ည ၁၁း၄၉ နာရီအချိန်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်အား ပြည်နယ် ၁၂ ခုတွင် အနည်းဆုံး ပြည်သူ သန်း ၅၀ ခန့် ခံစားခဲ့ရပြီး တောင်ပိုင်း ပြည်နယ်များဖြစ်သော Oaxaca နှင့် Chiapas ပြည်နယ်များတွင် အများဆုံး ထိခိုက်မှု ရှိခဲ့သည်။

မက္ကဆီကိုတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

မတူညီသည့် တရားဝင် သတင်းရင်းမြစ်များ၏ အဆိုအရ Oaxaca ပြည်နယ်တွင် သေဆုံးသူ ၄၅ ဦး၊ Chiapas ပြည်နယ်တွင် သေဆုံးသူ ၁၀ ဦးနှင့် အနီးအနားက Tabasco ပြည်နယ်တွင် သေဆုံးသူ ၃ ဦး အသီးသီး ရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မက္ကဆီကို အမျိုးသား ငလျင်လုပ်ငန်း SSN မှ ကျွမ်းကျင်သူများက မက္ကဆီကိုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Chiapas နှင့် Oaxaca ပြည်နယ်များတွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ပစ္စည်း အပျက်အစီးများအား တာဝန်ရှိသူများက ဆက်လက် ရှာဖွေနေကြောင်း၊ Juchitan မြို့တွင်လည်း မြို့တော်ခန်းမ အပါအဝင် အဆောက်အဦ မြောက်များစွာ ပြိုကျနေကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့် Chiapas ၊ Oxaxca နှင့် Tabasco စသည့် ပြည်နယ်များရှိ လမ်းမများမှာ ထိခိုက်မှု သိပ်မရှိခဲ့သဖြင့် ပြုပြင်ထိန်းသိမ်းမှု လျင်မြန်စွာ စတင်လုပ်ဆောင်နိုင်ခဲ့သည်ဟု မက္ကဆီကို အစိုးရက ဆိုသည်။

ထို့ပြင် အဆိုပါ ငလျင်ဒဏ်သင့်ခဲ့သည့် ပြည်နယ် သုံးခုမှလွဲ၍ နိုင်ငံအတွင်းရှိ အခြား ဒေသများရှိ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရထားလမ်းများမှာလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။

မက္ကဆီကို သမ္မတ Enrique Pena Nieto သည်လည်း အများဆုံး ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.